" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 20, 2023

"R2Pရှောင်လွှဲနိုင်အောင် ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အ တွက်ကုလသမဂ္ဂကို ဒူးထောက်လိုက်တဲ့ စစ်အာဏာရှင်များ"

ကြားသိသမျှ
၂၀၂၃ မတ်လ ၁၉ ရက်။ 

 ” R2P ရှောင်လွှဲနိုင်အောင် ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အတွက် ကုလသမဂ္ဂကို ဒူးထောက်လိုက်တဲ့ စစ်အာဏာရှင်များ ”


ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့အတွက် မြန်မာစစ်တပ်က အဖွဲ့တစ်ဖွဲ့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိနေပါတယ် ။ ဘင်္ဂလားဒေရှ့်နိုင်ငံကို မြန်မာစစ်တပ်က တာဝန်ရှိသူတွေ တရားဝင် သွားလာနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ အေဂျင်စီတစ်ခုက အာမခံ ကူညီပေးခဲ့ပါတယ် ။ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်အချို့ဦးဆောင်တဲ့ လူဝင် မှု့ကြီးပ်ြရေး အဖွဲ့ဝင် ၁၇ ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယ်စပ်မြို့ကို ဖြတ်ကျော်ပြီး ရိုဟင်ဂျာစခန်းကို ရောက်လာ ခဲ့ပါတယ် ။

ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းဆီကို သွားရောက်နိုင်ဖို့အတွက် UNHCR အဖွံ့တစ်ဖွဲ့က ကူညီပေး ပါတယ် ။ မြန်မာကိုယ်စားလှယ်တွေဟာ ရိုဟင်ဂျာဒက္ခသည်အချို့ကို ခေါ်ဆောင်နိုင်ဖို့အတွက် အင်တာဗျူးပါတယ် ။ မြန်မာကိုယ်စားလှယ်တွေဟာ ဘင်္ဂလားဒေရှ့်က တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာဒုကသည် ခေါ်ယူရေးကို ဆွေးနွေး ခဲ့ကြပေမဲ့ ၊ ဆွေးနွေးပွဲမှာတော့ ဒုက္ခသည်အေဂျင်စီတွေ မပါဝင်ခဲ့ပါဘူး ။ အင်တာဗျူးအရ ရိုဟင်ဂျာဒုက္ခသည် ၇၀၀ ကို ပထမအသုတ်အနေနဲ့ ခေါ်ယူဖို့ သဘောတူထားပါတယ် ။

မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်တစ်ဦးကို ဘင်္ဂလားဒေရှ့် ခရီးစည်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ၊ ခရီးစဉ်ကို အ တည်ပြုပြီး သေးစိတ် ပြောကြားဖို့ကိုတော့ ငြင်းဆန်ထားပါတယ် ။

နောက်သတင်းတစ်ခုကတော့ အမေရိကန် အဆင့်မြင့် အရာရှိတွေဟာ မြန်မာ့အရေးအတွက် အထူးပြုတဲ့ ခရီးစဉ် ကို မတ် ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သွားရောက်ဖို့ အတည်ပြုထားပါတယ် ။ နိုင်ငံခြားရေးဝန်ကြီးဌာနက အတိုင်ပင်ခံပုဂ္ဂိုလ် Mr Chollet သီးဆောင်တဲ့အဖွဲ့ဟာ မြန်မာ့အရေးကို အလေးပေးဆွေးနွေးဖို့အတွက် အင်ဒိုနီး ရှား နဲ့ ထိုင်းနိုင်ငံကို ရောက်လာမှာပါ ။ မစ္စတာချိုလက်က ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ” မြန်မာ့အခြေအနေဟာ သိပ် ကို အန္တရာယ်ရှိနေတဲ့အတွက် အထူးအလေးပေး ဆွေးနွေးသွားမယ် ” လို့ ပြောကြားထားပါတယ် ။

ဆိုရရင် ….၊ ဒီရက်ပိုင်းမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ သံတမန်နည်းလမ်းက မြန်မာ့အရေးကို စိတ်ဝင်စားစွာနဲ့ အလေးပေး ဆောင်ရွက်လာပါတယ် ။ အထူးသံတမန်နဲ့ လုခြုံရေးကောင်စီ တံခါးပတ်အစည်းအဝေး ဆွေးနွေး ခဲံ ပြီး ကုလသမဂ္ဂရဲ့ ဖိအားတွေ လိုအပ်နေတယ်ဆိုတဲ့အကြောင်းတွေကို နိုင်ငံတကာအသိူင်းအဝိုင်းက လက်ခံခဲ့ကြပါ တယ် ။ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း လုံခြုံရေးကောင်စီကနေ မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံ တကာ ရာဇဝတ်ခုံရုံးအထိ လွှဲပြောင်းပေးဖို့ တောင်းဆိုထားပါတယ် ။ တောင်းဆိုထားတဲ့ နှစ်ဦးစလုံးဟာ အထုး သံတမန်တွေ ဖြစ်နေတဲ့အတွက် ထိရောက်နေသလို ၊ မြန်မာစစ်တပ်ဘက်ကလည်း ကုလအက်ရှင်ကို သက်သာ စေဖို့ ရိုဟင်ဂျာ ပြန်လည်ခေါ်ယူရေးနဲ့ အချိုသပ်လာပါတယ် ။

ကောင်းပြီ ….။
” ရိုဟင်ဂျာတွေဟာ ဘာ့ကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးခဲ့ကြသလဲ … ? ”

ဆိုရငျ….၊ မွနျမာစဈတပျက တိုကျခိုကျလို့ ထှကျညပေးရပါတယျ ။

” မြန်မာစစ်တပ်က ဘာ့ကြောင့် ရိုဟင်ဂျာတွေကို တိုက်ခိုက်သလဲ … ? ”

ဆိုရင် ၊ ပြည်တွင်းမှာ နိုင်ငံရေးမတည်မငြိမ် ဖြစ်စေချင်လို့ပါ ။ ဒါမှလည်း အကြောင်းပြပြီး NLD ထံကနေ အုပ်ချုပ် ခွင့်ကို ပြန်ရနိုင်မှာပါ ။ ဒီလိုဖြစ်အောင် မြန်မာစစ်တပ်က ရိုဟင်ဂျာအရေးအခင်းကို တမင်တကာ ဖန်တီးခဲ့ပါတယ် ။

သို့ပေမဲ့ ၊ ပြည်တွင်းမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ဖန်တီးလိုက်တဲ့ ရိုဟင်ဂျာအရေးအခင်းဟာ မြန်မာနိုင်ငံ အတွက်တော့ သားစဉ်မြေးဆက် ကျောကော့အောင် ခံစားသွားရတဲ့ အမဲစက်တစ်ခုပါဘဲ ။

” ရိုဟင်ဂျာတွေကို ဘယ်သူက ပြန်ခေါ်သလဲ …”

ဆိုရင် ၊ မြန်မာစစ်တပ်က ပြန်ခေါ်ပါတယ် ။

” ဘာ့ကြောင့်ခေါ်သလဲ … ”

ဆိုရင် ၊ ကုလသမဂ္ဂရဲ့ R2P နဲ့ အင်ဒရူးတောင်းဆိုထားတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ကြောက်လို့ပါ ။ ရှင်းမယ် ထင် ပါတယ် ။

ဒီရက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ဖိအားတွေက တော်တော်လေးကို ပြင်းထန်လာတော့ ၊ ကျွန်တော့်ရဲ့ သတင်းတွေမှာ လည်း ဟိုဘက်ရပ်ကွက်က အနာရှိသူတွေ တော်တော်လေးကို လှုတ်ခတ်လာပါတယ် ။ ကျွန်တော်က နိုင်ငံရေး ဆယ်လီမဟုတ်သလို ၊ နိုင်ှု့ရေးလုပ်စားလည်း မဟုတ်တဲ့အတွက် ၊ အနာရှိလို့ စပ်ကြသူတွေကို ဘယ်လိုမှ မတုံ့ပြန် ဘူး ။

တော်လှန်ရေးမဖြစ်ခင်ကတည်းက ကျွန်တော့်အကောင့်ထဲမှာ မြန်မာပြည်သား များစွာရှိပါတယ် ။ ရဲအရာရှိ ၊ စစ် တပ်က ဗိုလ်မှုး ၊ လဝက အရာရှိ ၊ စစ်ဗိုလ်ချုပ် မိသားစုဝင် ၊ ဦးနေဝင်းရဲ့ ဆွေမျိုးအရင်း ၊ စစ်တပ်အသိုင်းအဝိုင်း ၊ ကြံ့ခိုင်ရေး ပါတီဝင်အမတ် ၊ အစိမ်းထောက်ခံသူ ၊ အနီမုန်းသူ များစွာရှိပါတယ် ။ ကျွန်တော်ကတော့ နိုင်ငံတကာ သတင်းတွေကို အသိပေးတဲ့အတွက် ဘယ်သူ့ကိုမှ အမုန်းမပွားဘဲ အကော့်ထဲမှာပဲ ဆက်ထားခဲ့ပါတယ် ။ သူတို ကလည်း ကျွန်တော့်ကို တိုက်ခိုက်မှု့မရှိပါဘူး ။ တော်လှန်ရေးအတွက် အမြင်မတူကြသူပေမဲ့ အဓိက အမိန့်ပေး သူမှာသာ တာဝန်ရှိတယ်လို့ သိထားတဲ့အတွက် နှစ်ဘက်စလုံးက မိတ်ဆွေတွေကို သတင်းတွေကြည့်ဖို့ မိတ်ဆွေ တွေအဖြစ်နဲ့ ဆက်ဆံခဲ့ပါတယ် ။

သို ပေမဲ့ ၊ ဒီတော်လှန်ရေးမှာ ဘယ်လိုလူတွေကို တွေ့လိုက်ရသလဲဆိုတော့ ၊ ကုလသမဂ္ဂနဲ့ပတ်သက်ပြီး မြန်မာစစ် တပ်ကို ဘယ်လိုဖိအားတွေ ပေးနေပြီဆိုတဲ့ သတင်းတွေတင်လိုက်တိုင်း

” မင်းက ပထွေးကို မျှော်နေတာလား ”
” တို့အဘက R2P ကို ရီးဘဲတဲ့ ၊ ရှင်းလား ဟေ့ကောင် ”

” မင်းတို့လို လောက်ကောင်တွေက သာသနာကို ဖျက်စီးနေတာ ၊ မင်း ဘယ်ဘာသာဝင်လဲ ..”

” ကိုယ့်တိုင်းပြည်ကို နိုင်ငံခြားတပ်တွေ ဝင်စေချင်နေတာက ၊ ကိုယ့်တိုင်းပြည်ည်ကိုယ် ဖျက်စီးနေတာ မင်း သိလား ”

” ပထွေးတွေကို မျှော်နေတာက သာသနာပျောက်ချင်တာလား ၊ နိုင်ငံပျက်ချင်လို့လား … ”

ဆိုသလို ကွန်မန့်တွေနဲ့ တိုက်ခိုက်လာကြပါတယ် ။ ဘယ်လောက်အထိ လေ့ကျင့်ပေးထားသလဲဆိုရင် ကွန်မန့်တစ် ခု ကို ဖျက်လိုက်ပြီးတဲ့နောက်မှာ နောက်တစ်ယောက်က ဒီလိုပဲ ထပ်ရေးပြန်ပါတယ် ။ အာဏာရှင်ဟာ သူတို့အဆင် ပြေဖို့အတွက် ဘယ်လောက်အထိ မှိုင်းသွင်း စည်းရုံးထားသလဲဆိုတာ သိပ်ကို သိသာပါတယ် ။

တကယ်တော့ ရိုဟင်ဂျာတွေကို ထွက်ပြေးအောင် လုပ်ခဲ့တာဟာလည်း မြန်မာစစ်တပ်ပါဘဲ ။ အမျိုးဘာသာ သာ သနာ ၊ အရိုး စည်းရိုးထိုးမယ် ဆိုပြီး Brainwashed လုပ်ခံခဲ့ရသူတွေဟာ မြန်မာစစ်တပ်ရဲ့ အာဏာလိုချင်လို့ ရိုက် သွင်းပေးခံထားရတဲ့ အယူအဆတွေကို နားလည်ဟန်မတူကြပါဘူး ။ ခုချိန်အထိလည်း စစ်တပ်ဟာ သာသနာကို ကာကွယ်နေတယ်ဆိုတဲ့ အတွေးအခေါ်တွေကို ယုံကြည်နေသူတချို့ ရှိနေပါသေးတယ် ။

သို့ပေမဲ့ မြန်မာစစ်တပ်ကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကို ဒူးတုန်အောင် ကြောက်နေတာဆိုတော့ ၊ သူတို့ သတ္တိပြခဲ့တဲ့ ရိုဟင်ဂျာတွေကိုပဲ ၊ သူတို့ကိုယ်တိုင် ပြန်ခေါ်ဖို့အတွက် ကုလသမဂ္ဂကို ခွင့်တောင်းနေရပါပြီ ။ ဒါဟာ အမျိုးဘာသာအတွက်လည်း မဟုတ်ပါဘူး ။ တိုင်းပြည်နဲ့ လူမျိုးအတွက်လည်း မဟုတ်ပါဘူး ။ သူတို့မိသားစု အဆက်ဆက်အတွက် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ရိုဟင်ဂျာတွေကိ ပြန်ခေါ်ဖို့အတွက် ဒူးထောက်လိုက် တာပါ ။ အောက်ခြေ စစ်လက်နက်ကိုင်တွေနဲ့ စစ်တပ်ကို မျက်စိမှိတ် ထောက်ခံနေသူတွေဟာ မြန်မာစစ်ဗိုလ် ချုပ် တွေ ပြည်သူကို နှိမ်နင်းနေတာဟာ ဘာအတွက်လဲ လို့ စဉ်းစားနိုင်ကြလိမ့်မယ် ထင်ပါတယ် ။

လူသားချင်းစာနာထောက်ထားမှု့အရ ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့အတွက် NUG ကလည်း ကုလသမဂ္ဂမှာ ကမ်းလှမ်းထားပါတယ် ။

ဘကြီးအောင် LA
19 March, 2023
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */