" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 17, 2023

ရိုဟင်ဂျာပြန်လက်ခံရေး ကြန့်ကြာနေမှု ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီအပြစ်ပုံချ

RFA
2023.03.17
ဘင်္ဂလားဒေ့ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တစ်ဦး  Photo: Reuter
 

ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးကိစ္စမှာ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် က ပျက်ကွက်နေတာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးနေပြီလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြောဆိုထားပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေး တာဝန်ရှိသူတစ်ဦးကတော့… မြန်မာနိုင်ငံဘက်က ထွက်ပြေးသွား တဲ့သူ ငါးသိန်းကျော်ပဲရှိတယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

ဒါကြောင့် ကျန်တဲ့သူတွေဟာ အမှန်တကယ် မြန်မာနိုင်ငံက ဟုတ်၊မဟုတ် သေသေချာချာ စိစစ်ပြီးမှ လက်ခံနိုင် မယ်လို့ ဆိုပါတယ်။ တကယ်လို့ ထွက်ပြေးသွားပြီးမှ ဘင်္ဂလားဒေ့ရှ်မှာ မွေးဖွားတဲ့ကလေးဖြစ်မယ်ဆိုရင် အဲဒီ ကလေးမိဘတွေ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့ အထောက်အထားကို ဘင်္ဂလားဒေ့ရှ်တရားရုံးဘက်ကထောက် ခံချက်ပြဖို့ လိုတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း နေရပ်ပြန်ခေါ်ရေးကိစ္စမှာ မြန်မာဘက်က ကြန့်ကြာနေတာလို့ အပြန်အ လှန် အပြစ်တင်ထားပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ လုံခြုံလွတ်လပ်ပြီး ဘဝအာမခံချက် ရှိတဲ့အခြေအနေရောက် မှသာ ရိုဟင်ဂျာတွေ နေရပ်ပြန်သင့်တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးတာဝန်ရှိသူနဲ့ မြန်မာ့အလင်းသတင်းစာ မေးမြန်းခန်းမှာတော့… နေရပ်ပြန်လာသူ တွေ ကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုမပြုဆိုတဲ့အချက်နဲ့၊ လုံခြုံလွတ်လပ်မှုရှိဖို့ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆို တာတွေကိုတော့ ပြောဆိုထားတာ မရှိပါဘူး။ “ရိုဟင်ဂျာ” လို့လည်း သုံးနှုန်းထားတာမရှိပါဘူး။

ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်မယ့် စစ်ကောင်စီရဲ့ ရှေ့ပြေးစီမံကိန်းမှာ ကုလသမဂ္ဂ ဘက် က ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတချို့ကို လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (Myanmar Accountability Project) က ဖော်ထုတ်လိုက်ပါတယ်။ ကုလသမဂ္ဂ ဘက်ကတော့ ဒီကိစ္စ နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြောဆိုတာ မရှိသေးပါဘူး။ 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */