" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 20, 2023

ရိုဟင်ဂျာများ နေရပ်ပြန်နိုင်သည့် အခြေအနေ မြန်မာနိုင်ငံ တွင် မရှိသေးဘဲ စစ်ကောင်စီ၏ ရှေ့ပြေး ဒုက္ခသည် ပြန်ခေါ် ရေး အစီအစဉ်တွင် UNHCR မပါဝင် ဟုဆို

ရန်ကုန်ခေတ်သစ်မြန်မာ
Yangon Khit Thit News Agency
March 20, 2023

Rohingya refugees stand in a queue to collect aid supplies in Kutupalong refugee camp in Cox's Bazar, Bangladesh, January 21, 2018. REUTERS/Mohammad Ponir Hossain - RC17D8EBB900
 

ရိုဟင်ဂျာများ နေရပ်ပြန်နိုင်သည့် အခြေအနေ မြန်မာနိုင်ငံတွင် မရှိသေးဘဲ စစ်ကောင်စီ၏ ရှေ့ပြေး ဒုက္ခသည် ပြန်ခေါ်ရေး အစီအစဉ်တွင် UNHCR မပါဝင် ဟုဆို

■ ဘင်္ဂလားဒေ့ရှ်သွားသည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို UNHCR က ပို့ဆောင်ရေး အကူအညီပေးဟု ဝန်ခံ

ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ရိုဟင်ဂျာ ဒုက္ခ သည် များ ရေရှည်တည်တံ့ခိုင်မြဲ သော နေရပ်ပြန်နိုင်သည့် အခြေအနေများ မြန် မာ နိုင်ငံတွင် မရှိသေးကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီး ရုံး UNHCR က ကြေညာသည်။

 

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြားပူးပေါင်းဆောင်ရွက်သော နေရပ် ပြန်ရေး ကိစ္စများ ဖြစ်ပေါ်လာနိုင် သည့် ရှေ့ပြေးစီမံကိန်းနှင့်ပတ်သက်၍ ဒုက္ခ သည် တစ်စုနှင့်တွေ့ဆုံရန် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ သည် ဘင်္ဂ လား ဒေ့ရှ်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင် ရာ အေဂျင် စီ UNHCRမှ သိရှိထားကြောင်း၊ ဒုက္ခသည်တစ်စု နေရပ်ပြန်ရေး ဆောင် ရွက်နေသည့် အစီအစဉ်တွင် UNHCR အနေဖြင့် ပါ၀င်ပတ်သက် ခြင်း မရှိဟု ကုလသမဂ္ဂ UNHCR က ပြောသည်။

“ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံသို့ နေရပ်ပြန်ခြင်းကိစ္စနှင့်စပ်လျဥ်း၍ UNHCR ၏ သဘောထား ရပ်တည် ချက် သည် ပြောင်းလဲခြင်းမရှိကြောင်း၊ UNHCR ၏ဆန်းစစ်လေ့လာချက်အရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ အခြေ အနေ များသည် လက်ရှိကာလတွင်ရိုဟင်ဂျာဒုက္ခသည်များအတွက် ရေရှည် တည်တံ့ခိုင်မြဲသော နေရပ် ပြန်ရေးဖြစ်ပေါ်စေနိုင်ခြင်းမရှိသေးကြောင်း UNHCR က ဆိုသည်။

ဒုက္ခသည်တိုင်းသည် မိမိတို့ကောင်းစွာ သိရှိနားလည်သည့် ရွေးချယ်မှုအပေါ် အခြေခံ၍ မိမိတို့နေထိုင်ရာနိုင်ငံ သို့ ပြန်နိုင်ခွင့်ရှိသည်၊ သို့သော် အဆိုပါ ရွေးချယ် မှု အပေါ် မည်သည့်ဒုက္ခသည်ကိုမျှ အတင်းအကျပ်ဖိအားပေးခြင်း မပြုသင့် ကြောင်း UNHCR က ပြောဆိုသည်။

UNHCR အနေဖြင့် ဒုက္ခသည်များအားလုံးကို စိစစ်ဆန်းစစ်ခြင်းနှင့် နေရပ်ပြန် ခြင်း ဖြစ်ပေါ်လာစေ နိုင်သည့် ကြိုးပမ်းဆောင်ရွက်မှုများအား ပံ့ပိုးကူညီ ပေး ကြောင်း၊ မကြာသေးမီက လုပ်ထုံးလုပ်နည်းဆိုင်ရာ စိစစ်ရေးလုပ် ငန်း စဥ် အ တွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် အဖွဲ့၀င်များအား ပို့ဆောင်ရေးဆိုင်ရာပံ့ပိုးကူညီပေးခဲ့ကြောင်း သိရှိရသည်။

UNHCR အနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ ရေရှည်တည်တံ့ခိုင်မြဲစွာ နေရပ်ပြန် နိုင် ရေးအတွက် အထောက်အကူဖြစ်စေမည့် အခြေအနေများ ဖန်တီးရန်ကြိုးပမ်းမှုများကိုလည်း ပံ့ပိုးကူညီပေး မည်ဖြစ် ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း UNHCRသည် ဒုက္ခသည်များ အတွက် နေရပ်ပြန်ခြင်းနှင့် ရေ ရှည် တည်တံ့သော ပြန်လည်ပေါင်းစည်းမှုကို အထောက် အကူဖြစ်စေမည့် ကျွမ်းကျင်မှုနှင့်စွမ်းဆောင် ရည်တည် ဆောက်မှုဆိုင်ရာ ပံ့ပိုး ကူညီ မှုများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UNHCR က ဆို သည်။

 Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */