" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 20, 2023

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် စစ်ကောင်စီအရာရှိ များ ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားရောက်မှုကို ကုလက အကူ အညီပေးခဲ့

မဇျ္စိမ
AFP
20 March 2023

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကောင်စီ တာဝန်ရှိသူ များ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ရန် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ကူညီပေးခဲ့ကြောင်း ကုလအရာ ရှိ နှစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

သို့သော် နိုင်ငံ၏ အခြေအနေများက ရိုဟင်ဂျာများ နေရပ်ပြန်လာရေးအတွက် လုံခြုံမှုမရှိဘဲ ဆက်ဖြစ်နေကြောင်း အဆိုပါ ကုလအရာရှိများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာ တစ်သန်းခန့်ကို လက်ခံနေရာပေးထားရပြီး ၎င်းတို့အနက် အများစုသည် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ထွက်ပြေးလာခဲ့ကြရသူများ ဖြစ်သည်။

မတ်လ ၁၅ ရက်က မြန်မာစစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး ဦးဆောင် သော အဖွဲ့ဝင် ၁၇ ဦးပါ အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ဖြစ်နိုင်ခြေရှိ နေရပ်ပြန်မှုအတွက် ဒုက္ခသည်များကို တွေ့ဆုံ မေးမြန်းရန် နယ်စပ်မြို့ တက်ခ်နက်ဖ်သို့ ရောက်ရှိခဲ့သည်။

“မြန်မာစစ်ကောင်စီနှင့် ဒုက္ခသည်များအကြား အပြန်အလှန် ချိတ်ဆက်ပြောဆိုမှုကို ပံ့ပိုးအားပေးရန်” မြန်မာမှ အ ရာ ရှိတချို့ ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားရောက်မှုကို UNHCR အနေဖြင့် ကူညီပံ့ပိုးပေးခဲ့ကြောင်း မြန်မာနိုင်ငံရှိ UNHCR မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၁၆ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ခရီးသွားလာမှုကို မြန်မာနိုင်ငံရှိ UNHCR နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP တို့က ပံ့ပိုးကူညီပေးခဲ့ပြီး UNHCR နှင့် WFP တို့က စစ်ကောင်စီအရာရှိများ ခရီးသွားလာရန် စက်လှေများ စီစဉ် ပေး ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ အကြီးတန်းကုလအရာရှိတစ်ဦးက မတ် ၁၇ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

“မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေ ဒီကို လာဖို့ UNHCR နှင့် WFP တို့က စက်လှေတွေ စီစဉ်ပေးခဲ့တယ်ဆိုတာ မိမိ အတည်ပြုနိုင်တယ်” ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိက ပြောသည်။

မြန်မာနိုင်ငံကို ပြန်သွားချင်သည့် ရိုဟင်ဂျာများအတွက် “မဝေးသော ရှေ့ကာလတစ်ခုတွင် ဘေးကင်းပြီး ဂုဏ်သိ က္ခာ ရှိရှိ ရေရှည်ခိုင်မာသော နေရပ်ပြန်မှုအတွက် အလားအလာ မရှိ” ကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ UNHCR ကိုယ် စားလှယ် ဂျိုဟန်နက်စ် ဗန် ဒါ ကလာအူက ပြောသည်။

ကုလ အမှတ်အသားများ ဖယ်ရှားခဲ့

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်မှ လာသည့် ကျူးကျော်သူများ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ခံထားရသလို မြန်မာနိုင်ငံတွင်း ရှိနေဆဲဖြစ်သည့် ရိုဟင်ဂျာများသည်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင် ကြားမှု အခွင့်အရေးများ ပိတ်ပင်ခံနေရသလို ခရီးသွားလာရန် ခွင့်ပြုချက် တောင်းခံရန် လိုအပ်ကြောင်း လူ့အခွင့် အရေးအဖွဲ့များက ပြောသည်။

၂၀၁၇ ဖြိုခွင်းနှိမ်နင်းမှုအတွင်း စစ်တပ်အကြီးအကဲ ဖြစ်ခဲ့သည့် စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်သည် ရိုဟင်ဂျာ အထောက်အထားလက္ခဏာကို “စိတ်ကူးသက်သက်” အဖြစ် ပယ်ချထားသည်။

စစ်ကောင်စီ တာဝန်ရှိသူများအတွက် စက်လှေများ စီစဉ်ပေးသည့် ဆုံးဖြတ်ချက်ကို ၂၀၁၈ ခုနှစ်က မြန်မာတွင် လက်မှတ်ရေးထိုးခဲ့သည့် အနှောင်အဖွဲ့လွတ် နားလည်မှုစာချွန်လွှာတစ်ရပ်၏ မူဘောင်အတွင်း ချမှတ်ခဲ့ခြင်း ဖြစ် ကြောင်းနှင့် “ရိုဟင်ဂျာ ဒုက္ခသည်များ မိမိသဘောဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ၊ ရေ ရှည် တည်တံ့စွာ နေရပ်ပြန်မှုကို ထောက်ကူပံ့ပိုးမည့် အခြေအနေများ ဖန်တီးပေးရန်” ရည်ရွယ်ကြောင်း UNHCR ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအတွင်း ကုလအေဂျင်စီများ ပါဝင်ခဲ့ခြင်း မရှိဟု အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

စက်လှေအရေအတွက် မည်မျှ စီစဉ်ပေးခဲ့ရသည် ဆိုသည်နှင့် ထိုစက်လှေများတွင် စစ်ကောင်စီ စစ်တပ်၊ ရဲတပ်ဖွဲ့ သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များမှ အဖွဲ့ဝင်များ လိုက်ပါစီးနင်းခဲ့သလား ဆိုသည်နှင့်ပတ်သက်ပြီး အသေးစိတ်ကို အ ဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခြင်း မရှိပေ။

စစ်ကောင်စီ တာဝန်ရှိသူများဘက်မှ “အလွန် ပြတ်သားသော ပန်ကြားချက်” တစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ကုလသ မဂ္ဂက ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွက် စက်လှေများ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ခရီးစဉ်မတိုင်မီ ကုလအမှတ် အ သားများ ကြိုတင် ဖယ်ရှားထားခဲ့ရကြောင်း အေအက်ဖ်ပီက ကြည့်ခွင့်ရခဲ့သည့် မြန်မာနိုင်ငံရှိ UNHCR ၏ ဌာနေ ညှိနှိုင်းရေးမှူးထံမှ ပြင်ပပေါက်ကြားသော အီးမေးလ်တစ်စောင်အရ သိရသည်။

စက်လှေများအတွက် စစ်ကောင်စီထံမှ “အလွန် ပြတ်သားသော ပန်ကြားချက်” ဆိုသည်၏ သဘောသဘာဝနှင့် ပတ်သက်ပြီး UNHCR ပြောရေးဆိုခွင့်ရှိသူက အသေးစိတ် ရှင်းလင်းခြင်း မရှိပေ။

မူလနေရပ်ပြန်ပို့ရေးအစီအစဉ်

ရိုဟင်ဂျာများ နေရပ်ပြန်ရေးဆိုင်ရာ သင့်တော်မှုကို အကဲဖြတ်ရန် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့က ရိုဟင် ဂျာ ၇၀၀ ကျော်ကို တွေ့ဆုံမေးမြန်းရန် စီစဉ်ခဲ့ကြောင်း ကော်မရှင်မှ အရာရှိတစ်ဦးက ပြောသည်။

ထို ခရီးစဉ် ဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို အတည်ပြုသော်လည်း အသေးစိတ်ကို ပြောကြားခြင်း မရှိပေ။

၂၀၁၇ က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား သဘောတူခဲ့သည့် ရိုဟင်ဂျာ မူလနေရပ်ပြန်ပို့ရေး အစီအစဉ်သည် ယင်းနောက်ပိုင်း နှစ်များတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့ခြင်း မရှိဘဲ ရိုဟင်ဂျာများ နေရပ်ပြန်ပါက လုံခြုံဘေးကင်းမှု ရှိမည် မဟုတ် ဆိုပြီး စိုးရိမ်ပူပန်မှုများ ရှိနေခြင်းနှင့် သက်ဆိုင်သည်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးနောက်ပိုင်းနှင့်ကိုရိုနာဗိုင်း ရပ်စ် ကပ်ရောဂါကာလအတွင်း ရိုဟင်ဂျာ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး တိုးတက်မှုများက လုံးလုံးလျားလျား ရပ် တန့်သွားခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */