" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 15, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအတွက် အကူအညီ ဒေါ်လာ ၆ သန်းကျော် ဗြိတိန် ထောက်ပံ့

Mizzima
By Anadolu Agency
12 March 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအတွက် အကူအညီထောက်ပံ့မှုအဖြစ် စတာလင်ပေါင် ၅ ဒသမ ၂၆ သန်း (ဒေါ်လာ ၆ ဒသမ ၃၁ သန်း) ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်က မတ်လ ၁၀ ရက်တွင် ကြေ ညာသည်။

ဘင်္ဂလားဒေ့ရှ်ကို လာရောက်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်ဒိုပစိဖိတ်ဆိုင်ရာ အငယ်တန်းဝန်ကြီး အန်နီ မေရီ ထရီဗယ်လ်ယန်က ယခု အကူအညီသစ် ပေးအပ်မှုကိစ္စကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ချက်တစ်ရပ်အရ သိရသည်။

ယခုအကူအညီပေးမှုတွင် စတာလင်ပေါင် ၄ ဒသမ ၂၆ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတစ်ဆင့် ဖြန့်ဝေပေးအပ်မည် ဖြစ်ပြီး ကျန် ပေါင် ၁ သန်းကို ကော့ဇ် ဘဇားရှိ ဒုက္ခသည်စခန်းများ၌ ဟင်းချက်ဂတ်စ် သုံးစွဲမှု လျော့ကျစေရန် လေလုံပေါင်းအိုးများ အသုံးပြုရေးအတွက် ကုလ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR မှတစ် ဆင့် ပေးပို့မည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို နိုင်ငံတောင်ပိုင်း ကော့ဇ်ဘဇားခရိုင်ရှိ ပေရေ စုတ်ချာနေသော ဒုက္ခသည်စခန်း ၃၃ ခုတွင် လက်ခံနေရာပေးထားရလျက် ရှိသည်။

အန်နီ မေရီ ထရီဗယ်လ်ယန်သည် ယခုလအတွင်း ကမ့်စခန်းများ၌ နေထိုင်သော လူပေါင်း ၄၄၉,၀၀၀ အတွက် စားနပ်ရိက္ခာ ထောက်ပံ့ရန် WFP မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီသစ်ကို ဗြိတိန်ဘက်က မည်သို့မည်ပုံ ပေးအပ်နိုင်မည် ဆိုသည်ကို စီစဉ်တင်ပြရန် ကော့ဇ် ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သူမသည် ဗြိတိန်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးနှင့် ရာသီဥတု ဆိုင်ရာ အရေးယူဆောင်ရွက်မှုပိုင်း ပူးပေါင်းဆောင် ရွက်မှု အားကောင်းစေရေးအတွက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန် တို့အပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ကော့ဇ် ဘဇားတွင် ဆက်လက်နေထိုင်သည့် ရိုဟင်ဂျာများကို ထောက်ကူပံ့ပိုးရန် ဗြိတိန်ဘက်က စိတ်ပိုင်းဖြတ် ထား ကြောင်း ထရီဗယ်လ်ယန်က ပြောသည်။

“ရိုဟင်ဂျာတွေ မြန်မာနိုင်ငံဘက်သို့ ဘေးကင်းလုံခြုံစွာ၊ မိမိသဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ ပြန်သွားနိုင် စေ ဖို့အတွက် ရေရှည် ဖြေရှင်းချက်တစ်ခုရဖို့ ဗြိတိန်ဘက်က ဆက်လက် တွန်းအားပေးသွားပါမယ်” ဟု သူမက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */