Humayun Kabir Bhuiyan
March 6th, 2021
International community should support the relocation and put pressure on Myanmar to take back its people, experts tell a seminar
သတင်းထဲကသုတ အစီအစဉ်အဖြစ် ဒီတပတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအကြောင်း ပြောပြထားပါတယ်။ နိုင်ငံတကာကသတင်းတွေ ကြည့်ရှုနားဆင်ကြတဲ့အခါ အဲဒီသတင်းတွေထဲမှာ ပါတဲ့ ထူးခြားတဲ့အကြောင်း အ ရာ အချက်အလက်တွေနဲ့ ပတ်သတ်ပြီး ဗဟုသုတရစေဖို့ မညိုညိုလွင်တင်ဆက်ပေးထားပါတယ်။
Link : Here
Despite the danger, women have been at the forefront of the movement, rebuking the generals who ousted a female civilian leader.
A protester offered roses to the police in Yangon, Myanmar, last month.Credit...The New York Times
Ma Kyal Sin loved taekwondo, spicy food and a good red lipstick. She adopted the English name Angel, and her father hugged her goodbye when she went out on the streets of Mandalay, in central Myanmar, to join the crowds peacefully protesting the recent seizure of power by the military.
South Korean envoy visits Rohingya camps in Cox’s BazarCourtesy
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် မတရားဖမ်းဆီးထောင်ချခံနေရတဲ့ မြန်မာပြည်သူတွေ အေ ပါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ Responsibility to Protect R2P အရ အကာကွယ်ပေးဖို့ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက လုံခြုံရေးကောင်စီထံ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ မတ်လ ၅ ရက်နေ့ မှာ တံခါးပိတ် အစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူး ကိုယ်စားလှယ် ဒေါက်တာဆာဆာက မတ်လ ၄ ရက်နေ့စွဲနဲ့ စာရေးသားပေးဖို့ တောင်းဆိုလိုက်တာပါ။
မြန်မာပြည်သူတွေ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်မခံရအောင် “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ အထူးကိုယ်စားလှယ်က မတ်လ ၄ ရက် ဒီနေ့ တောင်းဆိုလိုက်ပါ တယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ UN Fact Finding mission အဖွဲ့ဝင်တွေဟာ Special Advisory Council for Myanmar လို့ခေါ်တဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ မနေ့က ပြုလုပ်တဲ့ ဒီအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းနေတာတွေဟာ Crime against humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ အဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။