" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 5, 2021

R2P မူအရ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီကို ဒေါက်တာဆာဆာ ပန်ကြား

RADIO FREE ASIA
2021-03-04

ဒေါက်တာဆာဆာ Photo - Dr SaSa FB

မြန်မာပြည်သူတွေ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်မခံရအောင် “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ အထူးကိုယ်စားလှယ်က မတ်လ ၄ ရက် ဒီနေ့ တောင်းဆိုလိုက်ပါ တယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ခန့် အပ်ထားတဲ့ ဒေါက်တာဆာဆာက အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို လိပ်မူပြီး ပေးပို့လိုက် တာပါ။

ဒီစာမှာ… စစ်တပ်ဟာ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံလာအောင် အကြမ်းဖက်တဲ့နည်းတွေကို ဆက်ပြီးတိုးမြင့် အသုံးပြုလာကြောင်း၊ ဒီအထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ ပါဝင် ကြောင်း ဖော်ပြထားပါတယ်။

ဒါ့ပြင် လူတစ်ယောက်ရဲ့ ရှင်သန်နေထိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ မတရား ဖမ်းဆီးချုပ်နှောင်မှုကနေ ကင်း လွတ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ခွင့် စတဲ့ လူ့အခွင့်အရေးတွေကို ရဲနဲ့စစ်တပ်က ဆိုးဆိုးဝါး ဝါး ချိုးဖောက် ကျုးလွန်နေကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာပြည်သူတွေဟာ ဒီလောက် ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်နေရပေမယ့် သူတို့ရဲ့ ရဲစွမ်းသတ္တိကို ပြသခဲ့ကြတယ်လို့ ဒီစာမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်အောင် တိုးမြင့်ဖိအားပေးဖို့၊ ဥပေဒမဲ့ ဖမ်းဆီးထား သူတွေ ကို ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီ အနေနဲ့ အ စွမ်း ကုန် ကူညီ လုပ်ဆောင်ပေးဖို့လည်း ဒေါက်တာဆာဆာက တောင်းဆိုထားပါတယ်။

အတွင်းရေးမှူးချုပ်ထံရေးတဲ့ စာမှာ လုံခြုံရေးကောင်စီကနေ ကူညီဆောင်ရွက်ပေးဖို့ ပန်ကြားချက် လေးချက်ကို ဖော်ပြထားရာမှာ (၁) ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းနဲ့အညီ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး R2P မူ အရ အပြစ်မဲ့ပြည်သူတွေကို အကာကွယ်ပေးဖို့၊ (၂) စစ်တပ်ခေါင်းဆောင်တွေသာမက စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့၊ (၃) စစ်တပ်ကို လုံးဝ လက်နက် မရောင်းချနိုင်အောင် ပိတ်ဆို့အရေးယူပေးဖို့နဲ့ (၄) စစ်ကောင်စီရဲ့ အင်အားသုံး အ ကြမ်း ဖက်မှုတွေကို ဝေဖန်ရှုတ်ချဖို့၊ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုကျူးလွန်နေသူတွေကို တရား ဥပေ ဒအရ အရေးယူပြီး နိုင်ငံတကာ ပြစ်မှုဥပဒေတွေအရ လွတ်ငြိမ်းခွင့် မရှိအောင် အရေးယူပေးဖို့တွေ ပါဝင် ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */