ဦးရော်ရှိတ်အာမတ် (ပါလီမန်အမတ်ဟောင်း)
မောင်းတောမြို့နယ်၊ စံပ္ပာယ်ကုံးကျေးရွာ (ခါဇီဘီလ်)တွင် ၁၉၂၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၌ မွေးဖွားခဲ့ပါ သည်။ တိုင်းရင်းသားရိုဟင်ဂျာ မိဘများဖြစ်ကြသော ဟာဂျီမော်လနာ ဆီဒီက်အမတ်နှင့် ဟာဂျီမဒေါ် ရာဘီယာတို့မှ ဆင်းသက်လာခဲ့သူဖြစ်ပါသည်။ အဘိုးဖြစ်သူမှာ ဦးအဗ္ဗဒူဂေါ်ဖုရ် သျှောင်ဒရီ (စံပ္ပယ်ကုံးြ ပြုစုခေါင်း - ၁၈၄၀ ပြည့်နှစ်) ဖြစ်ပါသည်။
- ပညာရေး ကဏ္ဍ
- အားကစား ကဏ္ဍ
- အမှုထမ်း ကဏ္ဍ
၁၉၄၈ ခုမှ ၁၉၅၀ အထိ (S.I.E) ယစ်မျိုးအရာရှိအဖြစ် စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၉ ခုအထိ ဘော်လီဘာဇား အလယ်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန် ထမ်း ဆောင်ခဲ့ပါသည်။
၁၉၆၁ ခုနှစ်တွင် “တစ်သီးပုဂ္ဂလ ပါလီမန်အမတ်" အဖြစ် မွေးဖွားရာဇာတိဖြစ်သော မောင်းတော မြို့နယ် မြောက်ပိုင်းမှ ရွေးကောက်တင်မြှောက်ခြင်းခံရပါသည်။ ၁၉၆၄ ခုမှစ၍ ယခင် အလယ်တန်းကျောင်း မှာပင် ဆက်လက်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။
ဤကာလအတွင်း ပထမအကြိမ်ပြည်သူလွတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲ တွင် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီဝင် (အချိန်ပိုင်း) အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပါသည်။
ဆရာကြီးသည် မိမိ၏ ဇာတိရွာ၌ အာရဗီမူကြိုကျောင်းဖွင့်ပြီး ကိုယ်တိုင်သင်ကြားကာ အိစ္စလာမ်သာသနာ ထွန်းကားစေအောင် ကြိုးဖမ်းခဲ့သည်။ ထိုခေတ်က ခေတ်စားနေသော ပီရ်လမ်းစဉ်ကို ပို့ချပေးခဲ့သည်။ မူရီတ်တပည့်တော်များ၊ ေကျောင်းသင်တပည့်တော်များဖြင့်လည်း ကုံလုံဝေဆာနေ၏။ နောက်တစ်ဖက်က ကျန်းမာရေး ပြုစုမှုကိုလည်း ရိုးရာတိုင်းရင်းဆေး၊ ကျမ်းစာပါဆေးညွှန်းတို့ဖြင့် မြောက်များစွာသော ဝေဒနာ ရှင်များကို ကုသရင်အေးစေခဲ့သည်။
ဆရာကြီးသည် နိုင်ငံတာဝန်၊ သာသနာ့တာဝန်၊ လူမျိုးတာဝန်များ သယ်ပိုးကျေပွန်ပြီးနောက် ၁၉၈၈ ခု၊ ဩ ဂုတ်လ (၈)ရက် မိမိအိမ်တော် ဘော်လီဘာဇားတွင် မိမိချစ်သားသမီးကို စွန့်၍ သခင်စစ်ထံနှင့် တွေ့ဆုံခဲ့သည်။ ဦးရော်ရှိတ်နှင့် ဒေါ်နူရ်ဘာဟာရ်တို့မှ သား (၄) ယောက်နှင့် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ သားများမှာ (က) ဟူမာယုန်၊ (ခ) ရှားဇဟာန်၊ (ဂ) ဂျာဟာန်ဂီရ် ခေါ် အောင်မျိုးမင်း (အထပြ)၊ (ဃ) ဟေဒါယတုလ် အီစ္စ လာမ် (အမပြ) တို့ဖြစ်ကြသည်။ အောင်းမျိုးမင်းမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ မောင် တောမြောက်ပိုင်း ပြည်နယ်လွတ်တော်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရပြီး ပြည်နယ်လွတ်တော် ကိုယ် စား လှယ်ဖြစ်ခဲ့သည်။ တရားရေးဥပဒေပြု အတွင်းရေးမှူးအဖြစ်လည်း ၅ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့၍ ဖခင်၏ ခြေရာကို နှင်းခဲ့သည်။
ကိုးကား-
မိုးစင်ကြယ် မဂ္ဂဇင်း
No comments:
Post a Comment