![]() |
Daw Amina (1899-1987) |
ရိုဟင်ဂျာ တိုင်းရင်းဆေးသမားတော် ဒေါ်အာမီနာဟ် (၁၈၉၉-၁၉၈၇)
ရှေးရိုဟင်ဂျာတို့သည် ခေတ်အလျောက် ဒေသထွက် သဘာဝဆေးဖက်ဝင် အသီးအရွက်၊ အနွယ်အမြစ် စသည်တို့ကို မိမိတို့ ဘိုးဘွားအစဉ်အလာမှ လက်ဆင့်ကမ်းရရှိထားသော ရှေးဆေးထုံးနည်းများနှင့်အညီ ဆေးဝါးများပြုလုပ်ကာ ရောဂါဘယာကုသလေ့ရှိခဲ့သည်။ ထိုသို့ ဆေးကုသပေးခဲ့သည့် ရိုဟင်ဂျာတိုင်း ရင်း ဆေး ထုံးနည်းတတ်ကျွမ်းသော ဆရာသမားတော်များလည်း နေရာအနှံ့ပေါ်ပေါက်ခဲ့သည်။ သို့သော် ခေတ် ကာလတိုးတက်လာသည်နှင့်အမျှ တိုင်းရင်းဆေးဝါးများ တစတစ ပျောက်ကွယ်သွားနေသည်။ ရိုဟင်ဂျာ တိုင်းရင်းဆေး သမားတော်များအနက် အမေ့ခံရသော တစ်ဦးအကြောင်းကို ဤနေရာတွင် အကျဉ်း မျှေ ဖာ်ပြေ ပးပါမည်။ ထိုသူကား တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်သည့်အပြင် စိတ်စေတနာကောင်းသူ၊ ရက်ရော လှူဒါန်းသူ၊ ပညာရေးကို မြတ်နိုးသူ၊ မိမိအမျိုးကို တိုးတက်စေလိုသူ တစ်ဦးဖြစ်သည်။ ယင်းသူသည် အခြား မဟုတ် ဘောလီမျိုးနွယ်စုမှ ဒေါ်အာမီနာဟ် ဖြစ်သည်။
အာမီနာဟ်ကို မြန်မာသက္ကရာဇ် ၃-၅-၁၂၆၁ (၁၈၉၉) ခုနှစ်တွင် မောင်းတောမြို့နယ် ဘောလီဘာဇားရွာ၌ ဖွားမြင်သည်။ မွေးချင်း ညီအစ်မနှစ်ဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ဖခင်မှာ ဒေးဝန်ကြီး ဖတေအာလီဘော လီ၏မြစ်၊ အာမီရ်အာလီမျာ၏ ညီအရင်းဖြစ်သူ အုံဇီရ်အာလီမျာနှင့် မိခင်မှာ ဒေါ်ဟားလီမာ တို့ဖြစ်သည်။ ဖခင်သည် မဇ္ဈိမဒေသမှ ခေတ်ပညာသင်ယူလာသူဖြစ်၍ မိခင်မှာ ထိုအချိန်က ရိုဟင်ဂျာတိုင်းရင်းဆေး သမေ တာ်တစ်ဦးဖြစ်သည်။ အမီနာဟ်သည် မျာစော်ဘွားမိသားစုမှ ဆင်းသက်လာသူဖြစ်ရာ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသူလည်းဖြစ်သည်။
ငယ်စဉ်ဘဝတွင် ဒေသခံ မလဝီဆရာမှ အိစ္စလာမ်သာသနာ့ အခြေခံပညာကို သင်ယူတတ်ကျွမ်းခဲ့သည်။ အရွယ်ရောက်လာသောအချိန်တွင် မိခင်၏ တိုင်းရင်းဆေးဝါး ဖော်စပ်သည့်လုပ်ငန်းတွင် ကူညီခြင်းဖြင့် တိုင်းရင်းဆေးပညာ တတ်ကျွမ်းလာခဲ့သည်။ မိခင်ကွယ်လွန်ပြီးနောက် ထိုဒေသတစ်ဝိုက်တွင် ထင်ရှားသော ရိုဟင်ဂျာတိုင်းရင်းဆေး သမားတော်ဖြစ်လာခဲ့သည်။ ရပ်ဝေးနယ်ခြားမှ ဝေဒနာရှင်များ လာရောက်ကုသ မှုခံယူခဲ့ကြသည်။ ခွဲစိတ်၍ကုသသည်လည်းရှိသည်ဟု အချို့က ဆိုသည်။ သူ၏ တိုင်းရင်းဆေးကို Hakimi Daru, Hala Daru, Bonit Tel စသည်ဖြင့် အမည်တပ်ခေါ်ခဲ့သည်။
လက်ထပ်ထိမ်းမြှားရွယ်ရောက်သောအခါ ကာဇီအာဘာတ် ခေါ် စံပ္ပာယ်ကုံး၌ တာဝန်ကျနေသော ကာဇီ (ထိုချိန်က အင်္ဂလိပ် တရားရေးရာအုပ်) ဘောက်တာမာဟ်မွတ်နှင့် နဖူးစာဆုံ၍ လက်ထပ်ထိမ်းမြှားခဲ့လေသည်။ သူတို့မှ သား (၆)ယောက်နှင့် သမီး (၃) ယောက် ထွန်းကားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ချစ်ဘဝဖော် ကာဇီ ဘောက်တာမာဟ်မွတ်သည် အငယ်ဆုံးသား၏ မျက်နှာမမြင်ရဘဲ ဘဝကိုနှုတ်ခွန်းဆက်သခဲ့ရှာသည်။
ဒေါ်အာမီနာဟ်မှာ သားသမီး ၉ ယောက်နှင့် တစ်ခုလပ် မုဆိုးမဘဝဖြင့် မိသားစုလှေကြီးကို ခုတ်မောင်းရေ လသည်။ မိဘဖက်မှ အမွေအဖြစ် လယ်မြေများ အမြောက်အမြား ရရှိခဲ့သည်ဖြစ်၍ စားဝတ်နေရေးအတွက် ပူပန်စရာမရှိခဲ့ချေ။ သို့သော် ဖခင်၏အရိပ်မရှိသော သားသမီးများကို ပျိုးထောင်ရန်ကား မုချခက်ခဲလှပါမည်။ အမီနာဟ်သည် စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ အမြော်အမြင်ကောင်းသည်။ မိမိလည်း ထင်ရှားသော သမား တော်တစ်ဦးဖြစ်သည်တစ်ကြောင်း၊ သားသမီးများ၏ ဖခင်လည်း ကာဇီ တရားရေးရာအုပ် ဖြစ်သည် တစ် ကြောင်း၊ အမျိုးအနွယ်ကလည်း ပညာတတ်မျာစော်ဘွားရိုးဖြစ်သည်တစ်ကြောင်း စသော နောက်ခံ အကြောင်း အရင်းများကြောင့် ပညာ၏ တန်ဖိုးကို သိနားလည်သူဖြစ်သည်။ ထို့ကြောင့် သားသမီးများကို ပညာတတ်ဖြစ် စေရန် သိန္နိဌာန်ချခဲ့သည်။ မိမိ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရင်း မိသားစုကို စနစ်တကျ အုပ်ထိန်း ခဲ့လေသည်။ သားသမီးများ၏ ပညာကြားရေးတွင် အနှောင့်အယှက်မဖြစ်မိစေရန် မိမိပိုင်လယ်မြေအချို့ကို စီပွားဖြစ်ကိုယ်တိုင်ဦးဆောင်၍ လုပ်ကိုင်ခဲ့သည်။ သားသမီးများကိုမူ ပညာဘက်သို့သာ အလုံးအရင်း ထားရှိစေ ခဲ့သည်။
မိခင်အာမီနာဟ်၏ ကြိုးပမ်းမူကြောင့် သားကြီး ဘေဒါရ်အဟ်မတ် (နောင်တွင် အဘူဒါခ်ထော်ရ် ဟု ကျော် ကြားခဲ့သူ) ကို အဆင့်မြင့်ပညာဆည်းပူရန် အိန္ဒိယ စစ်တကောင်းသို့ ပညာသင်စေလွှတ်ခဲ့သည်။ ပညာ သင် ယူပြီးနောက် အင်္ဂလိပ်အစိုးရ Compounder ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘောလီ ဆိုက်ကယ် တစ်ခုလုံး၌ အဘူဒါက်တောရ် (ဆရာဝန်အဘူ) ဟု ကျော်ကြားခဲ့သည်။ ဒုတိယသား နေဆူမျာမှာ ကျေးရွာ အုပ်ချုပ်ရေးဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ တတိယမြောက်သား ဦးမောင်နု မှာ အထက်တန်း ကျောင်း အုပ်ကြီး ဖြစ်လာခဲ့သည်။ ဘောလီဘာဇား၊ မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင်စသော မြို့များတွင် လူငယ်များ၏ ပညာတန်ဆောင်ဖြစ်ခဲ့လေသည်။ ဘူးသီးတောင်မြို့ အမှတ် (၂) အလကကျောင်း၊ ကြိမ် ချောင်း အထကကျောင်းတို့မှာ ဆရာကြီး၏ သွေးချွေးအရောင်ထင်ဟပ်နေသည်။ စတုတ္ထမြောက်သား ဦးမြသန်း မှာ ကျန်းမားရေးမှူးတစ်ဦးဖြစ်သည်။ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ စသော မြို့များတွင် တာဝန်ထမ်းခဲ့၍ အများပြည်သူ၏ အကျိုးဆောင်သူ ဖြစ်လာခဲ့သည်။ တောင်ပြိုတိုက်နယ်ဆေးရုံးသည် ကျန်းမာရေးမှူး ဦးမြသန်း ၏ ကြိုးပမ်းမှုမှ ဖြစ်လာခဲ့သည်။ ပဉ္စမမြောက်သား ဦးမြစိန်သည် ပြည်နယ်ငှက်ဖျားတိုက်ဖျက်ရေးမှူး တစ်ဦး ဖြစ်လာခဲ့သည်။ စစ်တွေပြည်သူ့ဆေးရုံတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် တောင် ကုတ်၊ သံတွဲ၊ မြောက်ဦး၊ စစ်တွေစသော မြို့များတွင် နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိရှိ တာဝန်ထမ်း ဆောင်ခဲ့သည်။ အငယ်ဆုံးသား မာဟ်မွတ်စိန်မှာ ကျောက်ဖြူပညာရေးကော်လိပ်၌ ငန်းဖျားရောဂါကြောင့် ကွယ်လွန်ခဲ့ရှာသည်။ ဤသည်မှာ မုဆိုးမတစ်ဦးဖြစ်ခဲ့ရသော်လည်း ဘဝကိုအရှုံးမပေးဘဲ သားသမီးဘဝကို လူ ရာဝင် သူ့ကျိုးဆောင်နိုင်အောင် ပို့ဆောင်ပေးနိုင်ခဲ့သော ဒေါ်အာမီနာဟ်၏ စိတ်ဓာတ်စွမ်းရည်၏ ရလဒ် များဖြစ်ပေသည်။
ဒေါ်အာမီနာဟ်သည် စေတနာထက်သန်သူ၊ ရက်ရောလှူဒါန်းသူတစ်လည်းဖြစ်သည်။ ၁၉၅၃ ခုတွင် ကာဇီ အာဘာတ် (စံပ္ပာယ်ကုံးကျေးရွာ) ကို မီးရှို့ဖျက်ဆီးခဲ့သည့် အဖြစ်အပျက်တစ်ရပ်ပေါ်ပေါက်ခဲ့ရာ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးသွားခဲ့သည်။ လူများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ တစ်ဖက်က ရန်သူ၏ ခြောက်လှန့်မှုကို ခံနေရသဖြင့် ရွာကိုစွန့်ခွာ၍ ဘောလီဘာဇားသို့ ခိုဝင်လာခဲ့သည်။ ထိုရွှေ့ပြောင်းလာသူများကို သမားတော် ဒေါ်အမီနာဟ်က "ငါ့အမျိုးတွေကို စောင့်ရှောက်ဖို့ ငါ့မှာသာ တာဝန်ရှိသည်" ဟုဆိုကာ မိမိပိုင် ယာခင်း စိုက်မြေယာများကို ပေးအပ်လှူဒါန်းကာ အခြေချနေထိုင်စေခဲ့သည်။ ဒေသအခြေအနေ တည်ငြိမ် လာသော အ ခါ ထိုရွှေ့ပြောင်းနေထိုင်သူများ မိမိ၏ရွာသို့ ပြန်သွားကြသော်လည်း အချို့အိမ်ထောင်စုမှာမူ ပြန်မသွားဘဲ ဘော်လီဘာဇားတွင် ရာသက်ပန်နေထိုင်လာသည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။
ဒေါ်အမီနာဟ်သည် မိမိ၏သားသမီးများကို ပညာတတ်မြောက်စေခဲ့သည်သာမက မရှိဆင်းရဲသားများ အား လည်း ငွေရေးကြေးရေးများ ကုန်ကျကာ သာသနာ့ပညာ သင်ပေးခဲ့သည်။ ဘော်လီမြေမှ ထင်ရှားသော ဟာဖီဇ် နှစ်ပါးဖြစ်သည့် မဂ်ဘူလ်ဟာဖေစ်နှင့် ဇော်လာလ်ဟာဖီးဇ် ညီနောင်တို့ကို ဒေါ်အာမီနာက ငွေအကုန် အကျ အစားအသောက် ထောက်ပံ့၍ အဖေ့ဇ်ဘွဲ့ ရစေခဲ့သည်။ ပြီးနောက် ဟာဖီးဇ်သင်ကျောင်းတစ်ဆောင် ဆောက် လုပ်လှူဒါန်းပေးခဲ့သည်။ ထိုကျောင်းက များစွာသော သာသနာ့ဟာဖီဇ်ဆွပ်များ မွေးထုတ်ပေးခဲ့သည်။ ယနေ့ ဘောလီဘာဇား (ကြိမ်ချောင်း)ေ မြောက်ရွာတွင်ရှိသော ဟာဖေ့ဇ်သင်ကျောင်းမှာ ဒေါ်အာမီနာ လှူဒါန်းခဲ့ သော ကျောင်းသည် ချောင်းကမ်းပြိုပျက်စီးသွားပြီးနောက် ဟာဖီးဇ်ညီနောင်နှစ်ပါးက ပြန်လည်ရွှေ့ပြောင်း ဆောက် လုပ်ခဲ့သောကျောင်းဖြစ်သည်။
မရဏတရားသည် မည်သူကိုမှ မျက်နှာမထောက်၊ အချိန်ကျလျှင် သွားမြဲပါ။ ၁၉၈၇ ခု စက်တင်ဘာလ ၉ ရက်တွင် ရိုဟင်ဂျာ တိုင်းရင်းဆေးသမားတော် ဒေါ်အာမီနာဟ်သည် မိမိ၏ အချစ်တော်သားသမီးများကို စွန့်၍ နိဗ္ဗာန်ခရီးဆက်ခဲ့လေသည်။ ကွယ်လွန်သည့်အချိန်အထိ မိမိ၏ အစွမ်းထက်သော တိုင်းရင်းဆေးဝါးဖြင့် များ စွာသောသူများကို ရောဂါဘယာဝေဒနာမှ ကူသပေးခဲ့လေသည်။ များစွာသောသူများကို ပညာရွှေအိုးနှင့် လက်ဆက်ပေးခဲ့သည်။ သူတစ်ပါး၏ နာကျင်မှုကို ပျော်ရွှင်မှုပြောင်းလဲပေးခဲ့လေသတည်း။ အလ္လာဟ်မြတ် တော် က ဒေါ်အာမီနာဟ်အား မြင့်မြတ်သော ဂျန္နတ်သုခဘုံ ချီးမြှင့်တော်မူပါစေ…။
ဇွန်လ ၅ ရက်၊ ၂၀၂၀ ။( လူထုဝဏ္ဏ ရေးသည်)

No comments:
Post a Comment