" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 6, 2021

စာရေးဆရာကြီး ရူဟုလ်အာမိန် (၁၉၄၆- )

စာရေးဆရာကြီး ရူဟုလ်အာမိန် (၁၉၄၆- )
Ruhul Amin, Author of Rohingya Revolutionary movement 1947-20

စာရေးဆရာကြီး ရူဟုလ်အာမိန် ဘင် အဗ္ဗဒူလ်အာဇီးဇ်


ရိုဟင်ဂျာတော်လှန်ရေးသမိုင်း (၁၉၄၇ မှ ၂၀၁၄ အထိ) သမိုင်းစာအုပ် ရေးသားခဲ့သူ စာရေးဆရာကြီး ရူဟုလ် အာမိန်သည် ရှေးဟောင်း ရခိုင်ပြည်၏ နေပြည်တော်ဖြစ်ခဲ့သော မြောက်ဦးမြို့၏ တောင်ဘက် ၁၅ မိုင်ခန့်ကွာဝေးသော ဂျဇ်ချားရွာတွင် ၁၉၄၆ ခု ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖွားမြင်ခဲ့သည်။ ဖခင်မှာ အဗ္ဗဒူလ်အာဇီးဇ် (ဘ) အာမီရ်အာလီသည် မဇ္ဈိပြည် ဂျာမိယာ ဟူစိုင်နီးယာ၊ ဂျိလ္လာဆောရတ်မြို့မှ ပညာဆည်းပူးခဲ့သူဖြစ်သည်။

(ထိုရွာတွင် ၁၈၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့မဒ်ရဆာ နူရုလ်အိစ္စလာမ်၏  တိုးတက်ရေးအပိုင်းတွင် အဗ္ဗဒူလ် အာဇီးဇ်၏  အားထုတ်မှုအများအပြားပါဝင်သည်။ယင်းမဒ်ရဆာသည် ယနေ့တိုင် တည်ရှိနေသည်) စာရေးဆရာသည် ၁၉၇၂ ခုနှစ်တွင် မိမိကျေးရွာမှ နာဇရာယေ ကုရ်အာန် (ကုရ်အာန်အရွတ်အဖတ်)နှင့် အာရဗီ တတိယတန်း အထိ သင်ယူခဲ့ပြီးနောက် ရွာနီးနားရှိ အစိုးရအမကကျောင်းတွင် စတုတ္ထတန်းအထိ ပညာဆည်း ပူးခဲ့သည်။ ထို့ပြင် ထိုရွာမှ ၅ မိုင်ခန့် ကွာဝေးသော အစိုးရအထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ယူခဲ့ သည်။ နဝမတန်းတွင် မိမိ၏ အတန်းဖော်အတန်းဖက် ရခိုင်သား သူငယ်ချင်းများနှင့် ခိုက်ရန်ဖြစ်ဖွား၍ ကျောင်း မှ ထုတ်ပယ်ခြင်းခံရ သည်။

၁၉၈၃ ခုတွင် စစ်တွေမြို့ပေါ် မှောင်ခိုဈေးတွင် ဆိုင်ခန်းဖွင့်လှစ်ခဲ့သည်။ ထိုဈေးတွင် မွတ်စလင်မုန်းတီးရေးနှင့် ခွဲ ခြားဆက်ဆံမှုကို အတိခံစားခဲ့ရသည်။ နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ခန်း၍ မိမိ၏ ဆိုင်ခန်းကို အပြီးသတ်ရောင်းချကာ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့လေသည်။ ၁၉၈၄ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ရန်ကုန်သို့ ရောက်ရှိပြီး မိမိ၏ ဦးလေးရင်း မုစ်တဖာကာမာလ်၏ နေအိမ်တွင် တည်းခိုခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကို သတင်းမပို့ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းခံရသည်။ ဦးလေး၏ အချိန်မီ အာမခံနှင့် လွှတ်ခဲ့သည်။ သို့သော် တစ်ပတ်ကြာပြီးနောက် တရားရုံးသို့ စစ်ဆေးခံရသည်။ တရားသူကြီးသည် ငွေဒဏ် ၅၀ သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည်။ ဆရာကြီးသည် ငွေဒဏ် ၅၀ ကျပ် ပေးဆောင်ကာ လွှတ်လာခဲ့သည်။

ဤသို့ ဗမာအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကို မခံနိုင်သည့်အဆုံး မိမိ၏ ချစ်မြတ်နိုးသော တိုင်းပြည်မှ ထွက် ခွာရန် ဆုံးဖြတ်ခဲ့လေသည်။

ရန်ကုန်တွင် ၆ လကြာကြာ နေထိုင်ခဲ့ပြီးနောက် စစ်တွေမြို့သို့ ပြန်လည်ရောက်လာခဲ့သည်။ ၁၉၈၅ ခုနှစ် ဇန္နဝါရီ လ ၁၁ ရက်တွင် ပါကိစ္စတန်နိုင်ငံသို့ သွားရောက်ခိုလှုံခဲ့လေသည်။ ထိုနိုင်ငံတွင် စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေမည့်အစား တော်လှန်ရေးအဖွဲ့များကို စုံစမ်းရှာဖွေခဲ့သည်။ ဆိုက်ဖုလ္လာခါလေတ်ဆာပ် ခေါင်းဆောင်သော ရိုဟင်ဂျာတော်လှန်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။  တဖန် ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရာက်လာခဲ့သည်။ ထိုနိုင်ငံမှနေ၍  မိမိဉာဏ်စွမ်း၊ ကိုယ်စွမ်း ရှိသလောက် မိမိအမျိုး၏ ကောင်းကျိုးကို ဆောင်ရွက်သယ်ပိုးခဲ့သည်။

(#လူထုဝဏ္ဏ ရေးသည်)



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */