" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 22, 2023

ရိုဟင်ဂျာအရေး လူ့အခွင့်အရေးကောင်စီဆွေးနွေး

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.06.21 

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AFP

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေကို ဖိနှိပ်မှုတွေရပ်တန့်အောင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရှာဖွေနိုင်ဖို့ ဇွန်လ ၂၁ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင် စီမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က အဖွင့်အမှာစ ကား ပြောကြားပါတယ်။

နှစ်ပေါင်းများစွာ ဖိနှိပ်ခွဲခြားမှုတွေ ခံခဲ့ရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် လူမျိုး ရေးပဋိပက္ခ နဲ့ ၂၀၁၇ ခုနှစ် မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ကြုံခဲ့ရပြီးတဲ့နောက် အခုအချိန်မှာ ရိုဟင်ဂျာ တစ်သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲချို့တဲ့စွာ နေရတယ်လို့ ပြောပါတယ်။


ကျန်တဲ့ ရိုဟင်ဂျာ ခြောက်သိန်းလောက်ကတော့ အခြေခံ လူ့အခွင့်အရေးတွေ မရှိဘဲ မြန်မာနိုင်ငံမှာ ဆက်နေထိုင် ကြရတဲ့အကြောင်း အခုအချိန်မှာလည်း ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက် ခတ်မှုကြောင့် ရိုဟင်ဂျာတွေသေဆုံးပြီး၊ အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးခဲ့ရချိန်မှာ မြန်မာစစ်တပ်ဟာ ဒေသခံ ပြည်သူ တွေအတွက် နိုင်ငံတကာအကူအညီတွေကို အတားအဆီးမရှိ ဝင်ခွင့်ပေးရမယ့် အစား ပုံစံအမျိုးမျိုးနဲ့တားဆီးပိတ် ပင်နေတဲ့အကြောင်း နာဒါ အယ်လ် နာရှစ် ပြောသွားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို မိမိသဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့နေရပ် ပြန်လာနိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့ပေမဲ့ အခုထိဖြစ် မလာသေးတာကိုလည်း သူက ထောက်ပြသွားပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ မတရားမှုမှန်သမျှအတွက် အပြစ်ပေးအရေးယူခြင်းမခံရတာ ရပ်တန့်ဖို့အတွက် မြန်မာ ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူဖို့ ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာရာဇဝတ် ခုံရုံးမှာ တရားစွဲဆိုမှုအပါအဝင်၊ နိုင်ငံတကာအဆင့် ကြိုးပမ်းမှုအားလုံးကို လူ့အခွင့်အရေးကောင်စီက အားပေး ထောက်ခံသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ ရိုဟင်ဂျာပြဿနာကို ရေရှည် ဖြေရှင်းနိုင်ဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လမ်းပြမြေပုံဖန်တီးရေးဆွဲဖို့လည်း လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာ မင်းကြီး နာဒါ အယ်လ် နာရှစ်က ပြောသွားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗေဒါမွတ်စလင်ရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အပျက်အစီးများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
 
ရိုဟင်ဂျာပြဿနာ ပြေလည်စေဖို့အတွက် မြန်မာအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာအားလုံးကို နိုင်ငံသားအပြည့် အဝဖြစ်ခွင့်ပေးဖို့၊ နိုင်ငံသားဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတွေ အကန့်အသတ်မရှိထုတ်ပေးဖို့နဲ့ ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေးအခွင့်အလမ်းနဲ့ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် အခွင့်အရေးအားလုံးပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ စီစဉ်မှုတွေ အပါအဝင်လည်း ရိုဟင်ဂျာ တွေရဲ့ အနာဂတ်အတွက် စီစဉ်ဆုံးဖြတ်ရာမှာလည်း ရိုဟင်ဂျာတွေကိုယ်တိုင် အဓိပ္ပာယ်ရှိရှိနဲ့ အပြည့်အဝ ပါဝင် ဆွေးနွေးခွင့်ရဖို့ လိုတယ်လို့ သူက ပြောသွားပါတယ်။

အဲဒီနောက် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ Alternative ASEAN Network အဖွဲ့က ရာစမင် အူလာ၊ Arakan Project အဖွဲ့က ခရစ် လယ်ဝါး နဲ့ Burma Human Rights Network အဖွဲ့က ဦးကျော်ဝင်း တို့ က ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ 
 
Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */