B B C
ဘီဘီစီမြန်မာပိုင်း
13 ဇူလိုင် 2021ရိုဟင်ဂျာနဲ့ တခြားလူနည်းစု လူမျိုးစုတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်တိုက်ခိုက်နေမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရာကျကြောင်း ပြစ်တင်ဝေဖန်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုလိုက်ပြီး ရင်ကြားစေ့ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။

OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား ပါကစ္စတန်နိုင်ငံက တင်ပြခဲ့တဲ့ ဒီဆုံးဖြတ် ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအတွင်း မဲမခွဲဘဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
"စိတ်မကောင်းစရာ ပြောရရင် ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထား မှု အခြေအနေတွေက ဆက်ဆိုးဝါးနေဆဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို အမြန် ဆုံး ရပ်ဆိုင်းဖို့နဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ပြန်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တစ်ပေါင်းတစည်းထဲ တောင်းဆိုဖို့ လိုအပ်နေပါတယ်"လို့ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ ပါကစ္စ တန် သံအမတ် ခါလေလ် ဟက်ရှ်မီ က ပြောပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တခြား လူနည်းစု လူမျိုးစုတွေ အပါအဝင် မြန်မာပြည်သူတွေရဲ့ အလိုဆန္ဒ၊ အကျိုး စီးပွားနဲ့အညီ အပြုသဘော ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ အဲဒီဆုံး ဖြတ်ပြဌာန်းချက်ထဲမှာ တောင်းဆို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကိုရော၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းရေးကိုပါ ပြတ်ပြတ်သားသား ထောက်ခံကြောင်း ကိုလည်း အဲဒီ ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးမှု၊ ထိန်းသိမ်းထားစဉ် သေဆုံးမှု၊ နှိပ်စက်ညှင်းမှု၊ အဓမ္မအလုပ်စေခိုင်းမှုနဲ့ ကေ လး ငယ်တွေကို တမင် ထိခိုက်သေဆုံး၊ ဒဏ်ရာ အနာတရ ရအောင် လုပ်မှုတွေအပါအဝင် ဆိုးဝါးတဲ့ လူ့အခွင့် အရေး ချိုးဖောက်နေမှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေ ဆက်တိုက် ပေါ်ထွက်နေတာအပေါ် အကြီးအ ကျယ် စိုးရိမ်မိတယ်လို့ အဲဒီ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းခဲ့ပြီးကတည်းက လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်းနဲ့ ဒီအ ဖြစ် ဆိုးကြီးကို တားဆီးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်တာမျိုး မရှိဘူးဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးစ်က ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ မီရှဲ ဘက်ချလက် ကလည်း မြန်မာနိုင်ငံက အခြေအနေဟာ နိုင်ငံရေး ပဋိပက္ခကနေ ဘက်ပေါင်းစုံ လူ့အခွင့်အရေး ကပ်ဘေးဆိုးကြီး အဖြစ် ရောက်လာနေပြီလို့ ပြီးခဲ့တဲ့ အ ပတ်က ပြောသွားခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့ပြီးကတည်းက လူပေါင်း ၉၀၀ လောက် သေဆုံးခဲ့ပြီး ၂ သိန်းလောက် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။
Link : Here

No comments:
Post a Comment