Thursday, February 11, 2021

လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်မှာ စစ်အာဏာသိမ်းမှု ကို ရှုတ်ချမည့်စကားလုံးအစား လျှော့ပေါ့သုံးနှုန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-02-11

■ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မှာ အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း စကားလုံးကို ပြောင်းသုံးလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနက်ဖြန် အရေးပေါ် အစည်းအဝေး လုပ် ဖို့ရှိပါတယ်။ ဒီအစည်းအဝေးကနေ ထုတ်ပြန်မယ့် ဆုံးဖြတ်ချက်ထဲမှာ စစ်အာဏာသိမ်းလုပ်ရပ်ကို ပြစ်တင်ရှုတ် ချမယ့် စကားလုံးအစား အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း စကားကို ပြောင်းသုံးလိုက်တာပါ။အစော ပိုင်းတုန်းက စစ်တပ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချဖို့ ထည့်သွင်းထားပေမဲ့ ဒီကနေ့ တရားဝင် တင်သွင်းလိုက် တဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာတော့ စကားလုံးကို လျှော့ပေါ့ ပြင်ဆင်လိုက်တာဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့တာပါ။ 

အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ (EU) နဲ့အတူ ပူးတွဲအဆိုပြုခဲ့တဲ့ ဗြိတိန်နိုင်ငံကတော့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အရေးယူဖို့ အရေးတကြီး စဉ်းစား နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) က အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်အရေးယူဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရဘ် (Dominic Raab) ကပြော ဆိုခဲ့ပါတယ်။

ဓာတ်ပုံ - REUTERS


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */