" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 27, 2023

ကုလလက်ထောက်အတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည် စခန်း သွားရောက်ကြည့်ရှု

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ စက်တင်ဘာ၊ ၂၀၂၃

ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Unaisi Lutu Vuniwaqa ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဒီကနေ့(စက်တင်ဘာ ၂၇) သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေကို စောင့်ကြည့် တာဝန်ယူနေကြတဲ့ ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်နာ Mizanur Rahman က ပြောပါတယ်။

ဒီကနေ့ အစောပိုင်းတုန်းကတော့ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်ခစန်းတွေ ရဲ့ လုံခြုံရေး အခြေအနေတွေကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ အခြေအ နေ တွေဟာ မကြာသေးခင် ကာလတွေအတွင်းမှာ ဆိုးရွားလာနေတာပါ။

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Unaisi Lutu Vuniwaqa

ဒီကိစ္စနဲ့ပတ်သက်လို့ ဒုက္ခသည်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့အ စည်းတွေအကြားမှာလည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အဆင့် မြင် တာဝန်ရှိသူတဦးအနေနဲ့ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက လုံခြုံရေးအခြေအနေတွေ ကို လာရောက် ကြည့်ရှု၊ ဆွေးနွေးမှုပြုလုပ်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */