RFA
RFA Burmese
2025.02.23
၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ရုရှားနိုင်ငံတွင် ကျင်းပသည့် BRICS ညီလာခံ တက်ရောက်လာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)။ Photo: Reuters
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို လာမဲ့မတ်လမှာ သွားရောက်ဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ် (Ms. Julie Bishop)က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက်ယူနွတ်နဲ့ တွေ့ဆုံဆွေးနွေးချိန် ပြောခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းမှာ ဖော်ပြပါတယ်။
ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာအရေးဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ သူတို့ကို ထောက်ပံ့ဖို့ အလှူရှင်အရေး ကိစ္စတွေ၊ ဒီနှစ်ထဲမှာ ရိုဟင်ဂျာညီလာခံ ကျင်းပမဲ့အပေါ် အကြုံပြုချက်တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ရိုဟင်ဂျာတွေ လုံခြုံဘေးကင်းစွာ နေရပ်ပြန်ရေးအတွက် ကုသမဂ္ဂအနေနဲ့ အစီ အမံတစ်ခု ပြင်ဆင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးစီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးအကြံပေး Farul Azam က ကုလအထူးကိုယ်စားလှယ်ကို တောင်းဆိုခဲ့ကြောင်း Dhaka Tribue သတင်းမှာ ဖော်ပြပါတယ်။
The Finacial Express သတင်းမှာတော့ မြန်မာနိုင်ငံတွင်းက လတ်တလော ပဋိပက္ခနဲ့ အကျပ်အတည်းတွေအပြင် ရိုဟင်ဂျာအရေးဖြေရှင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ် (Ms. Julie Bishop)က ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဆက်နွယ်သောသတင်းများ
- အီတလီအစိုးရက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေအတွက် ယူရိုသုံးသန်း ထောက်ပံ့
- ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ဂျပန်အစိုးရ လှူဒါန်း
- မြန်မာဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူအများဆုံး နိုင်ငံဖြစ်ကြောင်း UNOCHA ပြော
- ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရ စီစဉ်
- ရိုဟင်ဂျာ ၃၃ ဦး တရားမဝင် ဝင်ရောက်မှုနဲ့ ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
No comments:
Post a Comment