Wednesday, December 25, 2024

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူ ၂ ဦးထက်မနည်း သေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒေသ ရိုဟင်ဂျာတွေနေထိုင်ရာကူတုပလောင်ဒုက္ခသည်စခန်းမီးလောင်ထားတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၄/ဓာတ်ပုံ Courtesy Photo)
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar မှာရှိတဲ့ Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့ ဒီဇင် ဘာလ (၂၄) ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေအထဲမှာ ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။

မီးလောင်မှုကြောင့် ယာယီတဲပေါင်း ၆၀၀ ကျော်နဲ့ အခြားအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

၂ နာရီကြာ ကြိုးပမ်းငြိမ်းသတ်ခဲ့ရတဲ့ မီးလောင်မှုမှာ လူပေါင်း ၃,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြ တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးနီးပါး ရှိခဲ့တဲ့ အထဲက တချို့ကို ကျောင်းအဆောက်အအုံတွေမှာ ထားရှိ ကုသပေးနေပြီး တချို့ကိုတော့ ဆွေမျိုး သားချင်းတွေက ခေါ်ဆောင်သွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် မိသားစုတစု ချက်ပြုတ်နေရာကနေ မတော်တဆ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်နေသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် ဆောင်းတွင်း ကာလကြောင့် မီးဘေးဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ပြွတ်သိပ်နေတဲ့ ၀ါးတွေနဲ့ ဆောက်ထားတဲ့ ယာယီ တဲအိမ်တွေကြောင့် မီးကူးလောင်မှု အလွန်မြန်ဆန်ခဲ့ပေမဲ့ ရိုဟင်ဂျာ စေတနာ့ဝန်ထမ်းတွေနဲ့ ဒေသခံ မီးသတ်သ မား တွေရဲ့ ကြိုးပမ်းမှုကြောင့် မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးရဲ့ X လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */