" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 18, 2023

ပေါက်တောက ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း အကူ အညီမရလို့ စားဝတ်နေရေးခက်ခဲနေ

RFA
RFA Burmese
2023.12.18
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist 
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နိုင်ငံတကာအ ဖွဲ့အ စည်း တွေရဲ့ အကူအညီလည်း မရသလို၊ စခန်းအပြင်ကိုပါ သွားလာလို့မရတာကြောင့် စားဝတ်နေ ရေး ခက် ခဲနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း (၁) နဲ့ စခန်း (၂) မှာ အိမ်ထောင်စု နှစ်ထောင်ကျော်၊ လူဦး ရေ တစ်သောင်းကျော် ခိုလှုံနေတာပါ။

ဒုက္ခသည်တွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့တဲ့ လူတစ်ဦးကို တစ်လငွေ ကျပ် ၁၃၀၀၀၊ ဆန် (၁၃) သစ်ကျော် (ခြောက်ပြည်နဲ့ နို့ဆီဘူး ခြောက်ဘူး) အပြင် တခြား နိုင်ငံတ ကာ အဖွဲ့ အ စည်းတွေရဲ့ အကူအညီနဲ့သာ ရပ်တည်နေကြရတာ ဖြစ်ပါတယ်။

လက်ရှိ အထောက်အပံ့မရတာ တစ်လကျော်ရှိလာပြီး စခန်းအပြင်ကိုပါ သွားလို့မရတာကြောင့် ထမင်း ငတ်မယ့် အခြေအနေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ စခန်းမှာက WFP က ပေးတာကို အဓိကမှီခိုနေတာပါ။ အခုမရတာ တစ်လကျော် ရှိပါပြီ။ ပြီးရင် အရင်လို တစ်နေရာနဲ့ တစ်နေရာ သွားလို့မရဘူး။ လမ်းတွေအကုန် ပိတ်ထားတယ်။ အခုစခန်း မှာ ရိက္ခာတွေ ပြတ်နေတယ်။ ဒီတစ်ပတ်အတွင်းမှာ အထောက်အပံ့တွေမရရင် ထမင်း ငတ်မယ့် အခြေ အနေ ရှိနေပါတယ်”

ဒုက္ခသည်စခန်းထဲက ကုန်စုံဆိုင်တွေမှာရှိတဲ့ စားနပ်ရိက္ခကာ လက်ကျန်ပစ္စည်းတွေလည်း စျေးအဆ မ တန် မြင့်တက်နေတာကြောင့် ခက်ခဲနေကြတာလို့ ဆိုပါတယ်။

ငှက်ချောင်းက ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့နေတဲ့ အမည်မဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုရဲ့ တာဝန်ရှိသူကို RFA က မေးမြန်းရာမှာတော့ စစ်ကောင်စီက လမ်းတွေပိတ်ထားတာကြောင့် မထောက်ပံ့နိုင်တာလို့ ပြောပါတယ်။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာ ၈ ရက်ထုတ်ပြန်ချက် အရ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲရော၊ အရင်ကတိုက် ပွဲ ကြောင့်ပါ ထွက်ပြေးရသူ ဒုက္ခသည်နှစ်သိန်းကျော်လာပါပြီ။

စစ်ကောင်စီတပ်က ခရီးသွားလာခွင့်အပြင် ကုန်းလမ်း၊ ရေလမ်းပါ ပိတ်ဆို့ထားတာကြောင့် လူသား ချင်းစာနာမှု အကူအညီပေးဖို့ပါ ခက်ခဲနေတယ်လို့ (UNOCHA) က ထုတ်ပြန်ထား ပါတယ်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */