VOA
ဗွီအိုအေ (မြန်မာဌာန)
၀၉ ဇန်နဝါရီ၊ ၂၀၂၄
ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးလောင်ရာမှာ စာသင်ကျောင်း ၂၀ မီးထဲပါသွားတဲ့အတွက် အနည်းဆုံး ကျောင်းသား ၁,၅၀၀ ပညာမသင်နိုင် ဖြစ်သွားကြရပါ တယ်။ ရိုဟင်ဂျာ ကလေး ၃,၅၀၀ လည်း နေစရာမဲ့သွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ပညာရေး ရံပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောလိုက်ပါတယ်။
ဆုံးရှုံးကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စာနာဝမ်းနည်းကြောင်း မနေ့ တနင်္လာနေ့က သတင်းထုတ်ပြန်ရာ မှာ ခုလို ပြောလိုက်တာပါ။ ဒေသအချိန် တနင်္ဂနွေနေ့ ကူးကာစ ကောက်စ်ဘဇားက ဒုက္ခသည်စခန်း အမှတ် ၅ မှာ မီးလောင်ခဲ့တာကြောင့် ဒုက္ခသည် ၇.၀၀၀ နီးနီး နေစရာမဲ့ဖြစ်သွားခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင် ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။ ဗလီ၊ ကျန်းမာရေးဌာန၊ ကျောင်း စတဲ့ အဆောက်အအုံပေါင်း ၁၂၀ ပျက်စီး သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အသေအပျောက်တော့ မရှိကြောင်း ကောက်စ်ဘဇား ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ စောင့်ရှောက်ရေးနဲ့ ပြန်ပို့ရေးကော်မရှင်က မိုဟာမက် မီဇနား ရာမင်န် (Mohammed Mizanur Rahman) က ပြောပါတယ်။ကျောင်း တွေ ပြန်ဆောက်နေချိန်အတွင်း ယာယီတဲတွေနဲ့ ကလေးတွေ စာသင်နိုင်အောင်လုပ်ဆောင်နေကြောင်း ယူနီ ဆက်ဖ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ကလေးအားလုံး လုံခြုံ ကျန်းမာ အကာအကွယ်ပေးနိုင်ဖို့ အခြေခံလို အပ်ချက်တွေနဲ့ ခိုနားစရာရအောင် ဒေသအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနီးကပ်ပူးပေါင်းလုပ် ဆောင်ဖို့လည်း ယူနီဆက်ဖ်က တိုက်တွန်းထားပါတယ်။
Link :Here
.png)
No comments:
Post a Comment