" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 21, 2023

မုန်တိုင်းသင့် သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုယ်ထူ ကိုယ်ထ ပြန်ပြင်နေရ

RFA
RFA Burmese
2023.05.21
စစ်တွေမြို့မှ သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နှစ်ဦးသေဆုံးပြီး တစ်ရွာလုံးနီးပါးပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုယ်ထူကိုယ်ထနဲ့ပဲ အိမ်ပြင်ဆင်မှုတွေလုပ်နေရတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
လူဦးရေခြောက်ထောင်ကျော် (၆၄၇၈ ဦး) နေထိုင်ကြပြီး အိမ်ခြေတစ်ထောင်ရှိတဲ့ အဲဒီဒုက္ခသည်စခန်းမှာ အိမ် ခြေနှစ်ရာနီးပါးက လုံးဝပျက်စီးသွားခဲ့သလို ကျန်တဲ့နေအိမ်ရှစ်ရာကျော်က ငါးဆယ်ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့တာပါ။

ဒါပေမဲ့ မုန်တိုင်းသင့်နေရာအများစုမှာ ကြုံနေရတဲ့အတိုင်း ယာယီအမိုးအဖြစ်သုံးတဲ့ တာပေါ်လင်စ၊ သွပ်ပြားနဲ့ သံမှိုတွေ ပုံမှန်ထက်ဈေးတက်နေတဲ့အတွက် အနည်းငယ်ပျက်စီးသွားတဲ့ အိမ်တချို့ကိုသာ ပြုပြင်နိုင်သေးတာပါ။

နေအိမ်အများစုကို ပြန်ပြုပြင်ဖို့ ငွေကြေးအခက်အခဲရှိနေတာကြောင့် မိုးရွာချိန် အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။

နေအိမ်တွေအပြင် အိမ်သာအလုံး ၃၅၀ နီးပါးရှိတဲ့အထဲက သုံးရာကျော် လုံးဝပျက်စီးသွားတဲ့အတွက် နောက် ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မေလ ၁၇ ရက်နေ့ကတော့ စစ်ကောင်စီဘက်က ဆန်အိတ်တစ်ရာ၊ ပဲခြောက်အိတ်၊ စားသုံးဆီ ပိဿာချိန် ၁၅၀၊ ရေသန့်ဘူးတစ်ထောင်နီးပါးနဲ့ ယမ်ယမ်ခေါက်ဆွဲတချို့ လာရောက်ထောက်ပံ့ခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးလှရွှေ (ခ) အဒူရော်ဟိမ်းက RFA ကို ပြောပါတယ်။

ဒါပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ သက္ကေပြင်ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */