Tuesday, July 30, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရေကြီးနစ်မြုပ်တာကြောင့် အိမ်ထောင်စုနှစ်ရာကျော် ရေဘေးသင့်

RFA
RFA Burmese
2024.07.30 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် ဘာလူခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ရေကြီးရေလျှံဖြစ်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ Ro Yassin Abdumonab


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ဘာလူခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရေကြီးနစ်မြုပ်နေပြီး နေအိမ်နှစ်ရာကျော် ရေဘေးသင့်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေတာကြောင့် စခန်းအတွင်းမှာရှိတဲ့သူတွေကို နေအိမ်တွေပြောင်းရွှေ့ထားရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

"ရေကြီးရေလျှံဖြစ်ပြီး လူနေအိမ်တွေ ရေထဲနစ်မြှုပ်သွားတာ ရှိတယ်။ အိမ်ပတ်ပတ်လည်ရှိတူးမြောင်း တွေမှာ သဲအမှုန်တွေ အနည်ထိုင်ကာ အဲဒီတူးမြောင်းတွေတိမ်လာပြီး အိမ်ထဲကို ရေဝင်တာ အများကြီး ရှိတယ်။ရေကြီးမှုဒဏ်ခံနေရတဲ့ မိသားစုပေါင်း ၂၀၀ ကျော်ကျော်ရှိတယ်"

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး စတင်ရေကြီးနစ်မြုပ်ခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ ရိုဟင်ဂျာကလေးငယ်တစ်ဦး ရေနစ်မြုပ်သေဆုံးပြီး ကလေးငယ်တစ်ဦးကို ဆေးရုံတင်ကုသထားရတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လဆန်းကလည်း ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် ဒုက္ခသည်စခန်း ၈၊ ၉၊ ၁၀ နဲ့ ၁၁ စခန်းတွေက ဒုက္ခသည်ဆယ်ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုး သမီးနဲ့ ကလေးငယ်တွေပါဝင်တယ်လို့ ဆိုပါတယ်။

ရေနစ်မြုပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ အမိုးအကာအရေးပေါ်လိုအပ်နေပြီး ရေဘေးသင့် ရိုဟင်ဂျာဒုက္ခသည်တွေကို UNHCR နဲ့ အခြားအရပ်ဖက်အဖွဲ့အစည်းတွေက လုံခြုံရာနေရာတွေနဲ့ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းနေထိုင်နိုင်ဖို့နဲ့ အစားအသောက်တွေအတွက် ကူညီထားတယ်လို့ ဒုက္ခ သည်အရေး ကူညီသူတွေက ပြောပါတယ်။

ဆက်နွယ်သောသတင်းများ  
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */