Monday, November 25, 2024

"ရိုဟင်ဂျာဒုက္ခသည်စခန်းထဲကနေ ရိုဟင်ဂျာစစ်သားတွေမွေးထုတ်" ရိုက်တာအစီရင်ခံစာ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၆ နိုဝင်ဘာ၊ ၂၀၂၄ 

ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

ရိုဟင်ဂျာ ဒုက္ခသည် စခန်းဟာ ရိုဟင်ဂျာစစ်သားတွေကို မွေးထုတ်ပေးရာ နေရာဖြစ်နေတယ်လို့ ရိုက်တာ သတင်း ဌာနက နိုဝင်ဘာ ၂၅ ရက်နေ့ က ရေးပါတယ်။ အရက္ခတပ်တော် AA ကို တိုက်နေကြတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းတွေကနေ တိုက်ခိုက်ရေး စစ်သည် ၃၀၀၀ ကနေ ၅၀၀၀ အထိ စုဆောင်းပြီးသွားပြီလို့လည်း ရိုက်တာက ဆိုပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်းတွေက လုံခြုံရေးဆိုင်ရာ အဖွဲ့တွင်းအစီရင်ခံစာနှစ်စောင်ကို ရိုက်တာကရယူ သုံးသပ်ခဲ့သလို၊ လူ ၁၈ ဦးကိုလည်း ရိုက်တာက အင်တာဗျူးမေးမြန်းခဲ့ပြီး အခုလို ရေး သားဖော်ထုတ်ခဲ့တာပါ။

"ကျွန်တော်တို့ရဲ့ အဓိက ရန်သူက မြန်မာ အစိုးရ မဟုတ်ပါဘူး။ ရခိုင် ရပ်ရွာ အသိုက်အဝန်းပါ" လို့ ရိုက်တာ က အင်တာဗျူးခဲ့တဲ့ Abu Afna က ပြောတာကိုလည်း သတင်းဆောင်းပါးမှာ ကိုးကားထားပါတယ်။ မြန်မာ စစ်တပ်ဟာ သူတို့နဲ့ အတူ၊ တိုက်ပေးကြတဲ့ ရိုဟင်ဂျာတွေကို ငွေ နဲ့ နိုင်ငံသား စာရွက်စာတမ်းတွေ ထုတ်ပေးတယ်လို့လည်း ရိုက်တာ က ပြောပါတယ်။ ဒါပေမဲ့ မူဆလင်တွေကို သူ့တပ်ထဲမှာ စစ်သားအဖြစ် စုဆောင်းတယ် ဆိုတာကိုတော့ မြန်မာစစ်တပ် က ငြင်းပါတယ်။ တောင်းဆိုချက်အရ၊ သူတို့ ကျေးရွာတွေ နဲ့ သူတို့ ဒေသကို ကာကွယ်နိုင်ဖို့ အခြေခံ စစ်သင်တန်းပေးတာသာ ဖြစ်တယ်လို့ မြန်မာ စစ်တပ်က ဆိုပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သူတွေဟာ မြန်မာ စစ်တပ်နဲ့အတူ အရက္ခတပ်တော်ကို တိုက်ခိုက်ရာမှာ တခါတရံ မြန်မာစစ်သားတွေနဲ့ တခန်းတည်း၊ တနေရာတည်း အတူနေခဲ့ကြရတယ်လို့လည်း ရိုက်တာ ကို ပြောပါတယ်။ မတ်လ နဲ့ မေလထဲမှာ ဒုက္ခသည် စခန်းက ဒုက္ခသည် ၂၀၀၀ လောက်ကို အမျိုးသားရေး အယူအဆတွေပြော ဆိုစည်းရုံးသလို ငွေကြေး မက်လုံးပေးတာအပြင် ကတိတွေ၊ ခြိမ်းခြောက်မှုတွေ၊ အားသုံးတဲ့နည်းတွေပါ အသုံးပြု စုဆောင်းခဲ့တယ်လို့ အကူအညီပေးရေး အဖွဲ့တခုရဲ့ ဇွန်လ အစီရင်ခံစာမှာ ပြောထားတာကို တွေ့မြင်ခဲ့ရကြောင်း ရိုက်တာက ပြောပါတယ်။ အများအပြား ကို အဓမ္မ ခေါ်သွားတာဖြစ်ပြီး၊ အသက် ၁၃ နှစ်လောက် ငယ်တဲ့သူတွေတောင် ပါတယ်လို့ ကုလသမဂ္ဂ အရာရှိ တဦးနဲ့ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမား ၂ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်း က ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေကနေရိုဟင်ဂျာ တိုက်ခိုက်ရေးသမားတွေ ပေါ်ပေါက်လာပြီး၊ စခန်းထဲမှာနဲ့ဝန်းကျင်မှာ လက် နက် တွေ ရှိနေတာ ဟာ အချိန်ကိုက် ဗုံးတလုံးလို ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် က သဘောထားကြောင်း လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တဦး က ရိုက်တာကို ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */