နိရဉ္စရာ၊
ဇွန် ၁/၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် နိုင်ငံတကာ အကြမ်းဖက်သမားများ၏ အချက်အချာ နေရာများဖြစ်လာရန် အရိပ်အယောင်တချို့တွေ့ရဟုဘင်္ဂလာ ပြည်ထဲရေး ဝန်ကြီး Asaduzzaman Khan ပြောကြောင်း Bdnews24 တွင် သတင်းဖော်ပြသည်။
လွန်ခဲ့သည့် သောကြာနေ့က ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မွတ်ဆလင် ဒုက္ခသည်စခန်းသို့ သွားရောက် လည်ပတ်စဉ်အတွင်း ဝန်ကြီး၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
“နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့ အချက်အချာနေရာကို ဒီမှာ ဖန်တီးလာနိုင်တယ်။ လက်နက်များ ဝင်ရောက်လာနိုင်တယ်။ အရာများစွာ ဒီမှာ ဖြစ်ပေါ်လာနိုင်တယ်။ ပြီးတော့ ဒီလို ဖြစ်လာမယ့် အရိပ်အယောင် တချို့ကို တွေ့နိုင်တယ်" ဟု ပြောသည်။
ဝန်ကြီးသည် သောကြာနေ့ နံနက် ၁၁ နာရီတွင် အိုးကီးယားရှိ ဒုက္ခသည်စခန်းရှိ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ရုံးသို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် နေ့လယ် ၁၂ နာရီခွဲထိ ၃၀ တွေ့ဆုံခဲ့ပြီး နောက် အခြေအနေများကို မီဒီယာများကို ရှင်းပြပြောဆိုခဲ့သည်။
၎င်းပြင် ဒုက္ခသည်များကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်ရင် ဘင်္ဂလာဒေ့ရှ်တွင် မငြိမ်မသက်ဖြစ်နိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။
“မြန်မာနိုင်ငံက နှင်ထုတ်ခံရတဲ့ ရိုဟင်ဂျာတွေရဲ့ အနာဂတ်က မသေချာဘူး။ သူတို့ ဇာတိ မြန်မာနိုင်ငံကို မကြာခင် ပြန်မပို့နိုင်ရင် ဒီမှာ မငြိမ်မသက် ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
“ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် အများအပြား လက်မှတ် ရေးထိုး ထားပေမယ့် မြန်မာနိုင်ငံအခြေအနေကြောင့် ရပ်ဆိုင်းခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ လူဦးရေ များပြားလာမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်”ဟု ပြည်ထဲရေးဝန်ကြီး ပြောဆိုသည်။
“မြန်မာနိုင်ငံတွင်းမှာ တိုက်ပွဲဝင်နေတဲ့သူတချို့ကို ဒီမှာ ဒုက္ခသည် စခန်းတွေမှာ တွေ့နိုင်တယ်။ အကြောက်ဆုံးကတော့ ကျွန်တော်တို့နိုင်ငံမှာ မူးယစ်ဆေးဝါး မထုတ်လုပ်နိုင်ပေမယ့် မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေ ဝင်လာနေတာ ကြာပါပြီ။”
“အခု စခန်းကလူတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတယ်။ ၎င်းတို့ကို ဖော်ထုတ်ရန် ကျွန်ုပ်တို့ ကြိုးစားနေပါသည်။ တစ်ချိန်တည်းမှာပဲ လက်နက်တွေနဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်သူတွေကို ရှာဖွေဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပါတယ်။”
“ အဓိကတာဝန်က ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး တရားမျှတမှု ပေးဖို့ဖြစ်တယ်” လို့ Khan က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတကာအဖွဲ့အစည်းများစွာနှင့် ရိုဟင်ဂျာများ ကို နေရပ်ပြန်ပို့ရေး ဆက်လက်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံသည် မငြိမ်မသက်ဖြစ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ စစ်ပွဲတွေ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။
"ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ သဘောတူညီချက် အမျိုးမျိုးနဲ့ နားလည်မှု လက်မှတ် ရေးထိုးထားပေမယ့် မြန်မာကြောင့် မတိုးတက်သေးဘူး။ ရိုဟင်ဂျာတွေကို မကြာခင် မြန်မာကပြန်လည် ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောဆိုသွားခဲ့သည်။
Ref: Bdnews24
Link : Here

No comments:
Post a Comment