မြန်မာဌာန | သတင်းများ
သန့်ဇင်ဦး၊ ဖြူဖြူခိုင်
2020-06-27
ရန်ကုန်မြို့မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို ၂ဝ၂ဝ ဇွန် ၂၇ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/RFA
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ နယ်တွေမှာပါ ရွေးကောက်ပွဲကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွတ်လပ်လုံခြုံမှုရှိရဲ့လား ရွေးကောက်ပွဲ ကျင်းပနိုင် သလားဆိုတာ အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတွေကို မေး မြန်ထာကြောင်းနဲ့ အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲအပြီးသတင်း စာရှင်းလင်းပွဲမှာ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာ ပါ။
“အခုက အားလုံးကို ကျင်းပနိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်၊ ဒါတွေကိုလည်းပဲ သက်ဆိုင်ရာ အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ဒါတွေကိုလည်း ကျွန်တော်တို့က မေးမြန်း ထားပါတယ်၊ အတတ်နိုင်ဆုံး အားလုံးကျင်းပသွားနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲဒီနေရာတွေ ရွေးကောက်ပွဲ ကျင်း ပနိုင်ဖို့အတွက် လွတ်လပ်လုံခြုံတဲ့ဟာဖြစ်လား၊ မဖြစ်လားဆိုတာနဲ့ ကျင်းပနိုင်စွမ်း ရှိလား၊ မရှိလား ဆိုတာ မေးထားပြီ၊ ရှိသွားပြီဆိုလို့ရှိရင် ကျွန်တော်တို့က အရန်သင့် ကျင်းပနိုင်အောင် ဆောင်ရွက်သွားမှာပါ၊ နိုဝင်ဘာမှဆိုတော့ နည်းနည်းလည်း စောသေးတော့၊ ရွေးကောက်ပွဲ ကျင်းပနိုင် လိမ့်မယ်လို့လည်း ယုံကြည် ထားပါတယ်”
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကတည်းက မဲစာရင်းတွေလည်းရှိပြီးသားဖြစ်လို လက်ရှိစစ်ဘေး ဒုက္ခ သည် တွေရဲ့ မဲစာရင်းတွေကိုလည်း အခြေခံအားဖြင့် ကောက်ထားပြီးဖြစ်တယ်လို့ ဦးမြင့်နိုင် က ဆိုပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း မှာ ဒေသခံတွေစစ်ဘေးရှောင်နေရလို တာဝန်ယူမယ့် အုပ်ချုပ်ရေးမှူးတွေလည်း မရှိတာကြောင့်ရွေးကောက် ပွဲ ကျင်း ပနိုင်ဖို့ မသေချာဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်တော့် အနေနဲ့ကတော့ သိပ်မသေချာဘူးလို့ ထင်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကော် မရှင် မှာလည်း နယ်မြေလုံခြုံရေးအရဆိုတဲ့ အပိုဒ်တစ်ပိုဒ်ပါထားတယ်လေ၊ အဲလိုဆိုတော့ ကျွန်တော်တို့ ဆီ မှာ ကျတော့ အခုလိုအခြအနေမျိုးမှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာမျိုးက တိုက်ပွဲတွေကလည်း နေ့ ဓဒူဝဖြစ် တယ်၊ နောက်ပြီးတော့ အဲမှာရှိတဲ့ ဒေသခံတွေကလည်း စစ်ဘေးရှောင်စခန်းတွေမှာ ပြေးနေရ တယ်ပေါ့၊ နောက်ဒီနေရာမှာ ဘယ်သူတွေက တာဝန်ယူပြီးတော့ မဲစာရင်းတွေကို ကောက်ပေးမလဲ၊ ဘယ်သူတွေက တာဝန်ယူပြီး မဲရုံကိုစောင့်ရှောက်မလဲ၊ နောက်ပြီးတော့ အဲမှာအုပ်ချုပ်ရေး ယန္တရားက လည်း ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေဆိုလည်း ရှောင်းပြေးနေရတာတို့၊ တချို့တွေဆိုလည်း အစုလိုက် အ ပြုံ လိုက် ထွက်ကြတာဆိုတော့ မသေချာဘူးလို့ပဲ ပြောရမှာပါ”
ရွေးကောက်ပွဲ ကျင်းပနိုင်ရင်တောင် မြို့နယ် ဆယ်မြို့နယ်မှာ စစ်တွေနဲ့ ပေါက်တော နှစ်မြို့နယ်လောက်ပဲ ကျင်းပနိုင်မှာဖြစ်သလို မဲစာရင်းတွေ ကောက်ယူထားပြီးဖြစ်တယ်ဆိုတာကလည်း ဒေသခံတွေဖက်ကတော့ အဲလိုမျိုး ကောက်ယူထားတာ မရှိဘူးဆိုတဲ့ အသံတွေပြန်ကြားရတယ်လို့လည်း ဦးမျိုးကျော်က ဆိုပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း ရခိုင်ပြည် နယ်က ပြည်သူတွေရဲ့ဆန္ဒကို ရွေးကောက်ပွဲမှာ ပါဝင်စေချင်တယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ် ရခိုင်ဒေသမှာ၊ ဖြစ်စေချင်တဲ့အတွက် ဒီအတွက်က အစိုးရရယ်၊ တပ်မ တော်ရယ်၊ နောက်ပြီးတော့ လက်နက်ကိုင် AA အဖွဲ့ရယ်က ကိုယ့်ဒေသက ပြည်သူလူထုရဲ့ ဆန္ဒသဘော ထားကို လေးစားသောအားဖြင့်ပေါ့၊ ဒီအချိန်မှာတော့ တိုက်ပွဲတွေမဖြစ်ဘဲနဲ့ ဆန္ဒမဲပေးနိုင်အောင် စီမံပေး နိုင်ရင် ကောင်းမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်၊ ရွေးကောက်ပွဲမှာလည်း ရခိုင်ဒေသခံပြည်သူ တွေ ရဲ့ ဆန္ဒသဘောထားတွေကို ပါဝင်စေချင်တာပေါ့လေ”
ဒါပေမဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင်လည်း တရားမျှတတဲ့ရလဒ်မျိုး မဖြစ်မှာလည်း စိတ်ပူတယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါတယ်။
ကျောက်တော် ဒေသခံ ဦးညီပုကတော့ တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်သလို ရွေးကောက်ပွဲကိုလည်း အားမပေးချင်ကြတော့ဘူးလို့ RFA ကို ပြောပါတယ်။
“ဒီလောက်စစ်ဖြစ်နေတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ကတော့ သုံးသပ်ထားပါတယ်ဗျ၊ ရွေးကောက်ပွဲက ဖြစ်သွားပြီဆိုလို့ရှိရင်လည်း ဖွံ့ဖြိုးတိုး တက် မှုက အဲလောက်ထိ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မမြင်ပါဘူးခင်ဗျ၊ မဖြစ်ဘူးဆိုရင်လည်း အဲ လောက်ထိ ဆုံးရှုံးသွားမယ်လို့ သိပ်မမြင်ဘူးခင်ဗျ၊ အရင်တုန်းကတော့ အားပေးကြပါတယ်၊ ဒါပေမဲ့ခေတ် အဆက်ဆက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေ အကုန်လုံး ကြိုဆို ကြတယ်၊ အမတ်တွေကိုလည်း လေးစားကြတယ်၊ ဒါပေမဲ့ အဲဒီအမတ်တွေလုပ်တဲ့ အလုပ်တွေက ကျွန် တော်တို့ ဆီကို ထင်ထင်ရှားရှား ထိထိရောက်ရောက် မဖြစ်နိုင်တဲ့အတွက် ပြည်သူတွေက သူတို့အပေါ်မှာ အားကိုး စိတ်တွေ တဖြည်းဖြည်းနဲ့ လျော့ကျသွားပါပြီခင်ဗျ၊ အဲဒါကြောင့် ရွေးကောက်ပွဲကိုလည်း သိပ်ပြီး တော့ အားမပေးချင်ကြတော့ဘူး အဲလိုဖြစ်နေကြပါတယ်ခင်ဗျ”
ရခိုင်ပြည်နယ်တစ်ခုတည်းကွက်ပြီး ရွေးကောက်ပွဲ မကျင်းပရရင် ဒီမိုကရေစီစနစ်ကိုသွားတယ်လို့ ခေါ်ဆိုလို့ မရဘူးလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက RFA ကို ပြောပါ တယ်။
“ဒီရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မူတည်ပါတယ်၊ အခုဆိုရင်တော့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲ တွေ တော်တော်များများ ခပ်စိပ်စိပ်ဖြစ်နေတာကို တွေ့ရတယ်၊ အဲအတွက်ကြောင့် ဒီတိုက်ပွဲတွေကဘယ် လောက် အထိ အချိန်ကြာကြာသွားမလဲဆိုတာကို ဘယ်သူမှ တိတိကျကျ ပြောလို့မရဘူး၊ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင်တော့ ဒီမြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းကို ရွေးကောက်ပွဲ သည် ဖြစ်ဖို့အရေး ကြီးပါတယ်၊ အဲတော့ ရခိုင်တစ်နေရာတည်းမှာ ကွက်ပြီးမဖြစ်ဘူးဆိုတာလည်း ဒါဒီမို ကရေစီစနစ်ကို သွားနေ တဲ့စနစ်လို့ ခေါ်ဆိုလို့ မရပါဘူး၊ တိုင်းနဲ့ ပြည်နယ်တွေမှာ အကုန်လုံး မြို့နယ် တွေကိုပေါ့လေ၊ အကုန်လုံး ပါဝင်နိုင်အောင်လုပ်နိုင်ဖို့တော့ ပိုပြီးအရေးကြီးတယ်လို့ ပြောချင်ပါတယ်ရှင့်”
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်မှာ မဲဆန္ဒနယ်မြေ ၆၄ ခုရှိခဲ့ပါ တယ်။
အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်ကတော့ ရခိုင် ပြည်နယ်ကို ကာလတစ်ခုအဖြစ် စစ်အုပ်ချုပ်ရေးကြေညာပြီး ရွေးကောက်ပွဲ လုပ်စေချင်တယ်လို့ ပြော ပါတယ်။
“ရခိုင်ပြည်နယ်မှာ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ကိုးကန့်စစ်ပွဲတွေဖြစ်တုန်းက လုပ်သလိုမျိုး စစ်အုပ်ချုပ်ရေးပေါ့၊ အဓိကကတော့ အရေးပေါ်အခြေအနေကြေညာပြီးတော့ စစ်အုပ်ချုပ်ရေး ခြောက်လ တန်သည် ခြောက်လနဲ့မရရင် တစ်နှစ်တန်သည် အဲနေရာလေးပဲပေါ့နော် စစ်အုပ်ချုပ်ရေးထားပြီးတော့ တည်ငြိမ်အောင် အရင်လုပ်စေချင်တယ်၊ အဲလိုတည်ငြိမ်အောင် လုပ်ပြီးသွားရင် ရွေးကောက်ပွဲဖြစ်စဉ် တွေမှာ အဲနေရာတွေမှာ ပိုပြီးကျင်းပနိုင်လိမ့်မယ်ထင်တယ်၊ အခုကတော့ စစ်ပွဲတွေရှိနေတဲ့အတွက် မဲ ပေးတဲ့သူတွေ လည်း ရွှေ့ပြောင်းနေရတယ်ဆိုတော့ တောင်ပိုင်းလောက်ပဲ လုပ်နိုင်လိမ့်မယ်၊ မြောက်ပိုင်း ကတော့ ကွက်ကျားလောက်ပဲ လုပ်နိုင်လိမ့်မယ်”
အရင်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ ထပ်ပြီးချိုးဖောက်မခံ ရအောင် ရွေးကောက်ပွဲ ကျင်းပဖို့လိုတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေ ထွေအတွင်း ရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။
“ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် သူတို့က နဂိုကတည်းကိုက အခွင့်အရေးတွေ အများကြီး ချိုး ဖောက် ခံနေရတယ်၊ ကိုဗစ်ကာလမှာ ကျွန်မတို့တွေ ခပ်ခွာခွာနေနေရတဲ့အချိန်မှာ သူတို့က ဗုံးခိုကျင်း တောင်မှ မရှိဘဲနဲ့ အိပ်နေရင်းနဲ့တောင် အိပ်ယာပေါ်ကို အမြှောက်ကျည်ဆံကျပြီးတော့ ဆုံးပါးကွယ်လွန် ရ တဲ့ ဘဝတွေဖြစ်နေ တဲ့အတွက်ကြောင့်မို့လို့ အဲလိုအခြေအနေမျိုးမှာ ထပ်ပြီးတော့ လူ့အခွင့်အရေး ချိုး ဖောက်ခံရမယ့် ရွေးကောက်ပွဲ မကျင်းပဘူး သူတို့နှစ်သက်လိုလားတဲ့ ကိုယ်စားလှယ်ကို ရွေးချယ်တင် မြှောက်ခွင့် မရှိဘူးဆိုရင် အဲဒါတော်တော်ကိုဆိုးတဲ့ အခြေအနေဖြစ်တယ်လို့ ယူဆတယ်၊ ဒါကြောင့်မို့လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အနေနဲ့ပေါ့နော် အစိုးရရယ် နောက်သက်ဆိုက်ရာ လက်နက် ကိုင် အဖွဲ့အစည်း၊ တပ်နဲ့ရယ် ညှိနှိုင်းပြီး အဲနေရာတွေမှာ မဖြစ်မနေ ရွေးကောက်ပွဲကျင်းပပေးဖို့ လိုအပ် တယ်”
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ကျေးရွာနဲ့ အနီးတဝိုက်ကကျေးရွာတွေမှာ AA အဖွဲ့နဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားဖို့ရှိလို့ ဒေသခံတွေ ဘေးလွတ်ရာကို ခေတ္တတိမ်း ရှောင်နေကြဖို့ ပြည်နယ်အစိုးရက မကြာသေးခင်ရက်ပိုင်းက အကြောင်းကြားထားတဲ့အတွက် ဒေသခံတွေ က စိုးရိမ်နေကြပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သား သေဆုံးဒဏ်ရာရမှုတွေလည်း တစ်နေ့တစ်ခြား များလာနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ခုနှစ်သောင်းကျော်ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

Link : Here
No comments:
Post a Comment