" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 20, 2023

စစ်ကောင်စီတပ်နှင့်အေအေတိုက်ပွဲကြောင့် ရခိုင်မြောက်ပိုင်း နှင့် ချင်းတွင် စစ်ရှောင် ၂၆,၀၀၀ ကျော်တိုး

DVB
November 20, 2023

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် ရခိုင် ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ အသစ်ထပ်တိုးလာတဲ့ နေရပ် စွန့်ခွာ စစ် ပြေးဒုက္ခသည် ၂၆,၀၀၀ ကျော်ထိ ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင် ရာ ညှိနှိုင်းရေး ရုံး (UNOCHA Myanmar) က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောနဲ့ မောင်တောမြို့နယ်တွေ အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာခဲ့ပြီး တခြားမြို့နယ်တွေ ဖြစ်တဲ့ ကျောက် တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက အေအေ ထိန်းချုပ်ထားတဲ့ ဒေသတွေ မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ် နေ တယ်လို့လည်း ဆို ပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာ အေအေက ရခိုင်ပြည်နယ် ပေါက်တောမြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီး နောက် မှာ စစ်အုပ်စုက မြန်မာစစ်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေတပ်နဲ့ ရေတပ်အကူ အ ညီတွေနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်ကတည်းက မောင်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ အမ်းမြို့နယ် တွေမှာ စစ်အုပ်စု လက်နက်ကြီးကြောင့် အနည်းဆုံးလူ ၁၁ ယောက် သေဆုံးပြီး အယောက် ၃ဝ ကျော် ထိခိုက် ဒဏ်ရာရခဲ့သလို လူပေါင်း ၁၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီး ထားတယ်လို့ ဆိုပါ တယ်။

ရခိုင်ပြည်နယ်မှာ အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် နိုဝင်ဘာ ၁၆ ရက်အထိ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၉၀၀၀၀ ကျော်ရှိလာပြီး အဲဒီထဲမှာ ၂၆,၀၀၀ ကျော်ကတော့ ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့်ဖြစ်ကာ ဒါဟာ အရင်က ရှိနှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည် ၁ သိန်းခွဲအပြင် ထပ်တိုးလာတာလည်း ဖြစ်တယ်လို့ ကုသလမဂ္ဂက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်တပ်က ရန်ကုန်-စစ်တွေ ကားလမ်းမအပါအဝင် ရခိုင်ပြည်နယ်အတွင်းက အဓိ က ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ် ပိတ်ပင်ထားပြီး အရပ်သား ပြည် သူတွေ ရွှေ့ပြောင်းသွားလာမှုတွေ အပါအဝင် လူသားချင်းစာနာအကူအညီ ပေးနိုင်ရေးတွေ ကိုလည်း ကန့်သတ်ထားတယ်လို့ UNOCHA Myanmar က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */