" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်

RFA
RFA Burmese
2023.11.12
 

ရက္ခိုင့်တပ်တော် တိုက်ခိုက်ခဲ့သည့် ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်းအား တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ရက္ခိုင့် တပ်တော် (AA) က စစ်ကောင်စီ နယ်ခြားစောင့်ရဲစခန်းနဲ့ ယာဉ်တန်းတွေကို စတင်တိုက်ခိုက်ခဲ့ရာက နေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရသေ့တောင်မြို့နယ် အငူမော်-မောင်တော ကားလမ်းမပေါ်မှာရှိတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့် ရဲကင်းစခန်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ဒီမနက် ငါးနာရီမှာ တစ်ပြိုင်တည်း တိုက်ခိုက်သိမ်း ပိုက် ခဲ့တယ်လို့ ဆိုပါတယ်။

အနီးအနားရွာတွေမှာရှိတဲ့ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာပဲဘေးလွတ်ရာကိုရွာလုံးကျွတ် ထွက်ပြေးနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုံးပိုက်ရွာက ဒေသခံတစ်ဦးက RFA ကို ပြော ပါတယ်။

"ကျွန်မတို့ကြုံခဲ့ရတာက မနက်အစောကြီး ပစ်သံကြားတယ်။ ပစ်သံကြားတော့ ဘုန်းကြီးကျောင်း ကို ထွက်ပြေးတယ်။ အဲဒီ ဘုန်းကြီးကျောင်းမှာ တစ်နာရီလောက် ပုန်းနေပြီးရင် ဆင်ပိုက်ရွာကိုပြေး လာပါ တယ်။ အဲဒီလို တိုက်ပွဲဖြစ်နေတဲ့ကြားထဲက ပြေးလာတာပါ။ အားလုံးထွက်ပြေးသွားကြပါပြီ။ရွာမှာတစ် ယောက်မှ မရှိတော့ပါဘူး"

အဲဒီစခန်းကို AA ကတိုက်ခိုက်ပြီး မကြာခင်မှာပဲ ရသေ့တောင်မြို့မှာရှိတဲ့ (၅၃၆) စစ်ကောင်စီတပ်ရင်း က နေ လက်နက်ကြီးတွေနဲ့ အဆက်အပြတ်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ မင်းပြားမြို့နယ်မှာလည်း တိုင်းဗဟို (၉) စစ်ကောင်စီတပ်ရင်းက ထွက်လာတဲ့ စစ်ကား နှစ်စီး ကို စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်က ဖားဖြိုရွာအနီးမှာ ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲ တိုက် ခိုက် ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"တိုင်းဗဟို (၉) က စစ်သားအင်အားအပြည့်၊ ရိက္ခာအပြည့်နဲ့ ကားနှစ်စီးထွက်သွားတယ်။သူတို့ထွက် လာတဲ့လမ်း ဖားဖြိုရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ကားတစ်စီးကတော့ မီးလောင်နေတာကို လယ်လုပ် နေ တဲ့သူတွေ မြင်ခဲ့တယ်။ သူတို့လည်း ပြေးလာခဲ့ရတာ ဆိုတော့ နောက်တစ်စီးကို အသေအချာ မ မြင်ခဲ့ကြဘူး"

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက်ကို မင်းပြားမြို့ ကျိန်းတောင်ဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ် ကောင်စီစခန်းကနေ လက်နက်ကြီးတွေနဲ့ ပတ်ခတ်ခဲ့ရာမှာ လက်နက်ကြီးကျည်တစ်ခုကျရောက်ပေါက် ကွဲမှုကြောင့် လယ်ကွင်းထဲမှာ စပါးသိမ်းနေတဲ့ မင်းပြားမြို့နယ် ဖေသာပြင်ရွာက အသက် ၅၀ အရွယ် ဦးအောင်သိန်းဖြူ ဆိုသူ ဒဏ်ရာရသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝရွာမှာရှိတဲ့ နယ်မြေရဲစခန်းမှာတော့ AA အဖွဲ့က တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် တာဝန်ကျ ရဲတပ်ဖွဲ့ ၂၆ ဦးဟာ လက်နက် ခဲယမ်းတွေနဲ့ AA အဖွဲ့ထံ လက်နက်ချလိုက် တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။ သူတို့ကို AA အဖွဲ့က ခေါ်ဆောင်သွားတယ် လို့ လည်း ဆိုပါတယ်။


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တစ်နေရာကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA) 

မြောက်ဦးမြို့ပေါ်မှာတော့ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်သွားကြည့်တဲ့အချိန်မှာတော့ ကားခုံတွေမှာလည်း အကုန်လုံး ကျည်ဆံတွေ ကျတာတွေ့ တယ်။ ခုံမှာ တစ်ယောက်သေနေတာ တွေ့ခဲ့တယ်။ ကားရှေ့က သေနေတာကိုတော့ မမြင်ရဘူး။ ကားခေါင်း ခြုံတောထဲကို ဖောက်နေတာ။ နာရေးကားက တင်သွားတယ်ပြောတယ်။ မြို့တံတိုင်းမှာ အပေါက်တစ်ပေါက်ရှိတယ်။ အဲဒီအပေါက်ကနေ ပစ်ကြတာ"

သေဆုံးဒဏ်ရာရတဲ့သူတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။

ဒီနေ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ဘက်ကရော၊ စစ်ကောင်စီကပါ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို AA အဖွဲ့ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့် ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ရာမှာလည်း ဖုန်းလက် ခံဖြေ ကြား တာ မရှိပါဘူး။

ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ရခိုင်ပြည်နယ်မှာ ဒီနေ့စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့  ဆက်စပ်နေတာ ကြောင့် တိုက်ပွဲတွေ ပိုပြီး ကျယ်ပြန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ဒီတိုက်ပွဲကတော့ တစ်နိုင်ငံလုံးမှာ လှုပ်ရှားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့လည်း ဆက်စပ်နေတယ်ပေါ့။ ဆိုတော့ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်ကျဆုံးရေးဆိုပြီးတော့တိုက်နေကြတဲ့တိုက်ပွဲတွေအား ကောင်းရင် ကောင်းသလောက် ဒီဘက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေမှာပဲ။ အဓိကတော့ AA က စစ်မျက် နှစ် ဘယ်လောက်ဖွင့်ချင်လဲ ပေါ့နော်။ သူတို့ဖွင့်ရင် ဖွင့်သလောက် စစ်မျက်နှာကျယ်လာ မယ်။ ပြီးရင် အချိန်ကလည်း ပိုပြီးကြာလာမယ်ပေါ့"

ရခိုင်မှာ တိုက်ပွဲတွေပြန်စလာပြီဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား လာ နိုင်ပြီး ဒါတွေကို ဒေသခံတွေအနေနဲ့လည်း အထူးသတိထားနေထိုင်ကြဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

"အဓိကတော့ AA က စစ်မျက်နှစ် ဘယ်လောက်ဖွင့်ချင်လဲပေါ့နော်။ သူတို့ဖွင့်ရင်ဖွင့်သလောက် စစ် မျက်နှာကျယ်လာမယ်။ ပြီးရင် အချိန်ကလည်း ပိုပြီးကြာလာမယ်ပေါ့"

International Crisis Group (ICG) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးအရာရှိ Richard Horsey ကတော့ ဒီနေ့တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်စတင်လာနိုင်တယ်လို့ RFA ကိုပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ဒီနေ့တိုက်ခိုက်မှုတွေနဲ့ ပြည်နယ်တွင်း တိုက်ပွဲတွေ ပြန်စ တင်လာနိုင်ပါတယ်။ တကယ်လို့ တိုက်ပွဲတွေဆက်ဖြစ်ရင် စစ်ကောင်စီအတွက်တော့ စစ်မျက်နှာသစ် တစ်ခု ဖြစ်လာပါလိမ့်မယ်။ စစ်ကောင်စီဟာ တရုတ်နဲ့ နိုင်ငံအရှေ့ပိုင်းနယ်စပ်အပါအဝင် နေရာအနှံ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေပြီးသားပါ။ ရခိုင်မှာ AA နဲ့တိုက်ပွဲက စစ်ကောင်စီတပ်တွေအတွက် အတွေ့အကြုံရှိပြီးသားလို့ ဆိုရမှာပါ။ ပြည်နယ်တွင်း ဖြတ်သန်းသွားလာတာကို ပိတ်လိုက်ပြီလို့လည်း သိရပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ စစ်ရေးအရ အားနည်းတဲ့နေရာတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီအ တွက်တော့ စစ်မျက်နှာအားလုံးကို ရင်ဆိုင်ဖို့ ခက်ခဲပါလိမ့်မယ်"

ဒီကနေ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက ရခိုင်မြောက်ပိုင်းဒေသရဲ့ အဓိ ကတစ်ခုတည်းသော လမ်းမကြီးဖြစ်တဲ့ စစ်တွေ- ရန်ကုန်ကားလမ်းအပြင် ရေလမ်းတွေကိုလည်း ပိတ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (AA) အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ရက် နေ့ကစတင်ကာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာ ဒီနေ့မှာ တိုက်ပွဲတွေ ပြန်လည် ပေါ် ပေါက်လာတာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */