Thursday, April 16, 2020

ရခိုင်မြောက်ပိုင်း မြို့နယ်တချို့ လျှပ်စစ်မီး ပြန်မရသေး

VOA  
ဗွီအိုအေ (မြန်မာဌာန)
16 ဧပြီ၊ 2020
သက်နိုင်
" ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းစေတီပုထိုးများ
 
ရခိုင်မြောက်ပိုင်း မြို့နယ်တွေ ဧပြီလဆန်းပိုင်းကတည်း မီးမရရှိတဲ့အခြေအနေကို ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က ပြောပြမှာပါ။

ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်း လောက်က တိုက်ပွဲတွေကြောင့် ဓာတ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေခဲ့ တာပါ။

လျှပ်စစ်ဌာနက ပြင်ပေးမယ်လို့ပြောမဲ့ ခုအချိန်အထိ မီးမရရှိသေးဘူးလို့ ရသေ့တောင်မြို့နယ် အမျိုးသား လွှတ် တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ပုဏ္ဏားကျွန်းမြို့နယ် အဲဒီဘက်ကျ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမှာ ကြိုးတွေ မီးတိုင် တွေ ထိခိုက်သွားတာ ရှိတယ်။ ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနကပြောတယ်။ သူတို့က ပြင်ဖို့တော့ ကြိုး စားနေတယ် ဒါပေမဲ့ တိုက်ပွဲကလည်း နေ့စဉ်လိုလို ဖြစ်နေတော့ အဆင်မပြေသေးဘူး။ တိုက်ပွဲရပ်နားသွား တဲ့ အခါသူတို့ ကြိုး စားပြီးပြင်ပေးမယ်လို့တော့ သူတို့က ပြောပါတယ်။"

ဘူးသီးတောင်မြို့နယ်မှာလည်း အင်တာနက် ဖြတ်တောက်ထားတဲ့အပြင် လျှပ်စစ်မီးပြတ်တောက်နေ တာ ကြောင့် အခုလက်ရှိ ကူးစက်နေတဲ့ COVID-19 ရောဂါနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက် ရယူဖို့ ခက် ခဲနေကြတယ် လို့ ဘူးသီးတောင် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဝင်းနိုင်က ပြောပါတယ်။

"မီးပျက်တာကတော့ ကျနော်တို့ ၁၅ ရက်လောက်တော့ ရှိပြီ။ လက်နက်ကြီးကျလို့ မီးပျက်သွားတာလို့တော့ ကြားတယ်။ အစိုးရက တရားဝင် အကြောင်းကြားတာတော့ မရှိဘူး။ မီးမလာတာနဲ့ ပတ်သတ်ပြီးပေါ့။ မီးမရ တော့ ကျနော်တို့ TV တွေကြည့်မရတော့ဘူး။ ဒီဘက်မှာက TV မှာ လာတဲ့ သတင်းတွေကိုပဲ ကြည့်နေရ တာလေ။ အခုက သတင်းတွေလည်း ကြည့်မရတော့ဘူး။

လက်ရှိအချိန်မှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဖယောင်းတိုင်မီးကို အသုံးပြု ပြီးတော့ နေထိုင်ရတယ်လို့ ကိုဝင်းနိုင်က ဆက်ပြောပါတယ်။

"မီးမရတော့ ဖယောင်းတိုင်တွေ သုံးကြတယ်။ တတ်နိုင်တဲ့ သူတွေကတော့ ကိုယ့်မီးစက်နဲ့ ကိုယ်သုံးကြ တာပေါ့။ မတတ်နိုင်တဲ့ သူတွေကတော့ ဖယောင်းတိုင်တွေ သုံးနေရတဲ့ အခြေအနေတွေ ရှိတယ်။ "

ရသေ့တောင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ကြိုးတွေကို ပြန် ဆက်ဖို့ အတွက် အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ သွားရောက် လုပ် ဆောင်ဖို့ ခက်ခဲနေတယ်လို့ မဟာဓာတ်အားလှိုင်းတာဝန်ခံ ဦးသိန်းရွှေက ပြောပါတယ်။

"ရှိတယ်၊ ရှိတယ် ဟိုမှာက စစ်တပ်က ပိတ်ထားတယ်။ အဲမှာ စစ်ဆင်ရေး နယ်မြေဖြစ်နေတော့ တိုက်ပွဲတွေ လည်း ည ဖြစ်နေတော့ အဲမှာသွားလို့၊ လာလို့မရဘူးဖြစ်နေတယ်။"

ရခိုင်မြောက်ပိုင်းက လက်ရှိ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အ ပါအဝင် မြို့နယ် ၈ ခုလောက်ကို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားကြောင့် ဒေသခံပြည် သူတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရသလို သတင်းအချက်အလက်တွေ ရယူဖို့လည်း ခက်ခဲနေကြ တယ် လို့ ဒေသခံတွေက ပြောဆိုကြပါတယ်ခင်ဗျာ။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */