Tuesday, November 19, 2019

ရခိုင်မြောက်ပိုင်းတိုက်ပွဲများအဆုံးသတ်ရန် တတိယအင် အား စုလိုအပ်နေ

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
19 NOV 2019 
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော် နှင့် အေအေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အဆုံး သတ်ရန်အတွက် တတိယအင်အားစုတစ်ခု လိုအပ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူး ကိုယ်စားလှယ် Ms. Christine Schraner Burgener က နိုဝင်ဘာ ၁၈ ရက်၌ ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် အဖွဲ့သည် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ် လွှတ်တော်ရုံး၌ တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 "ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေတွေ ဆွေးနွေးဖြစ်တယ်။ သူက အေအေနဲ့ တပ်မတော် အကြား တ တိယအဖွဲ့အစည်းလိုအပ်နေတယ် ဆိုတာတော့ ပြောတယ်။ အခုလိုတိုက်ပွဲ ဖြစ်နေတာကို ကုလ အနေ နဲ့လည်း သဘော မကျဘူးလို့ပြောတယ်"ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက မြန်မာ တိုင်းမ်နေ့စဉ်သို့ ပြောသည်။


ယခုတွေ့ဆုံမှုတွင် ဒေသတွင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေ၊ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာဆွေးနွေး ပွဲများ၊ ထိုကဲ့သို့ဆွေးနွေးပွဲများတွင် တစ်ဖက် နှင့်တစ်ဖက် လိုအပ်ချက်များ၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက အပြစ်မဲ့ပြည်သူ များ၊ စစ်ဘေးရှောင်များတိုးပွားလာပြီး စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ စီးပွားရေး၊ လူမှု ရေး၊ ပညာရေးထိခိုက်လာနိုင်မည့် အခြေအနေများ၊ တစ်ဖက်နိုင်ငံ သို့ရောက်ရှိ နေသော နေရပ်စွန့်ခွာသူများ ပြန်လည်ဝင် ရောက်လာမည့်အပေါ် သဘောထားအမြင် များ၊ မကြာမီကျင်းပမည့် ၂၀၂၀ ရွေး ကောက်ပွဲ အပေါ် သဘောထားအမြင်နှင့် ရခိုင်ပြည်နယ် တွင်ဖြစ်ပေါ်လာနို င်သည့် ရွေးကောက်ပွဲအခြေ အနေများကို ဆွေးနွေးခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */