Thursday, January 16, 2020

ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲတွေ ထိခိုက်မှာစိုးရိမ်

VOA
 ဗွီအိုအေ (မြန်မာဌာန)
သက်နိုင်
16 ဇန္နဝါရီ၊ 2020  
 အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်မှာကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေ စိုးရိမ်နေကြပါ တယ်။ လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အခက်အခဲ များစွာရှိနေ တာပါ။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်း သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ၂၀၁၉ တနှစ်လုံးနီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါ တယ်။ အခုလက်ရှိ ၂၀၂၀ နှစ်ဆန်းပိုင်းမှာလည်း တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုလိုတိုက် ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို မကျင်းပဖြစ်မှာ စိုးရိမ်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးဆောင်ကော်မတီဝင် ကိုခိုင် ကောင်းစံ ကပြောပါတယ်။

“အဓိကတော့ ကျနော်တို့က ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ မဲပေး တယ် ဆိုတာ ပြည်သူတွေရဲ့ အဆင့်အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်တာဖြစ်တယ်။ နောက်တစ်ခုက ရွေးကောက် ပွဲမရှိဘူး ဆိုရင် အာဏာရှင်အုပ်ချုပ်တဲ့ စနစ်လိုမျိုး ဖြစ်သွားမှာပေါ့။ အဲတာကြောင့် ပြည်သူ တွေအတွက် ရွေး ကောက်ပွဲရှိဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်တစ်ခု (စစ်အစိုးရနောက်ပိုင်း) ရွေး ကောက်ပွဲဟာ ၂၀၁၀ ၂၀၁၅ နှစ်ကြိမ်ပဲ ဖြတ်သန်းခဲ့ရတာဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ တုန်းက အမှားတွေ သင်ခန်းစာတွေကိုလည်း တစ်ချို့ပြည်သူတွေက သိနေကြပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ က သူတို့ အတွက် ကောင်းမွန်မယ့် လွတ်တော်ကိုယ်စားလှယ် ကောင်း မွန်တဲ့ ပါတီကို ရွေးချယ်ခွင့် ရကြမှာ ပေါ့။”

လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရခိုင်ပြည်နယ်မှာ အင်အားကြီးပါတီ တစ်ခုဖြစ် တဲ့ ANP ပါတီတို့ကတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကိုပဲ လိုလားနေကြပါတယ်။

လက်ရှိအာဏာရပါတီတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခွဲ စစ်တွေမြို့နယ်ပါတီဥက္ကဌဦး စံရွှေကျော်ကလည်း ရခိုင်ပြည်နယ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ကျနော်တစ်ယောက်တည်း ဆန္ဒကို ပြောရမယ် ဆိုရင်တော့ ရွေးကောက်ပွဲ ဖြစ်ချင်တာပေါ့ဗျာ။ ဘာဖြစ် လို့လည်း ဆိုတော့ ကျနော် တို့ ဒီမိုကရေစီနိုင်ငံ ဖယ်ဒရယ်ပြည်ထောင်စုကို သွားနေတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲကို ဖြစ်စေချင်တယ်။ ဒါပေမယ့် ငြိမ်းချမ်းဖို့တော့ လိုတာပေါ့။ ငြိမ်းချမ်းပါစေ လို့လည်း ကျနော်တို့ ဆုတောင်းရတာပေါ့။ ဖြစ်စေချင်တဲ့သဘောကို ပြောတာပါ မဖြစ်ရင်လည်း ကျနော်တို့ ဘာမှမတတ်နိုင်ဘူး။ ဖြစ်စေချင်တာကို ပြောတာပါ အကုန်လုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကို သွားဖို့အတွက်။”

ရွေးကောက်ပွဲ ဆိုတာဟာ ပါလီမန်ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တာကြောင့် လာမည့် ၂၀၂၀ရွေးကောက် ပွဲကို မဖြစ်မနေ ကျင်းပြုလုပ်ဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်ရဲ့ အင်အားကြီးပါတီ တစ်ခုဖြစ်တဲ့ ရခိုင်အမျိုး သားပါတီ ANP ပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ရွေးကောက်ပွဲဆိုတာ ပါလီမန် ဒီမိုရေစီအခင်းအကျင်းရဲ့ အနှစ်သာရတစ်ခုပေါ့ နော်။ ပါလီမန် ဒီမိုရေစီအခင်းအကျင်းရဲ့ အနှစ်သာရမှာတော့ ရွေးကောက်ပွဲ တခုကို မဖြစ်မနေလုပ်ဖို့ လို အပ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့ အတွက် အခက်အခဲအများ ကြီး ရှိတယ်ဆိုတာကို တော့ ကျနော်တို့ သဘောပေါက်တယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို အစိုးရနဲ့ တပ်မ တော် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အပေါ်မှာ အများကြီးမှုတည် နေလိမ့်မယ်လို့ထင်ပါတယ်။”

တပ်မတော်နဲ့ စစ်ရေး ပဋိပက္ခ ဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပြုလုပ်မယ် ဆိုရင် သူတို့နဲ့ တိုင်ပင်ဆွေးနွေးရမယ်လို့လည်း ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်တွင်း တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာဟာ ရွေးကောက်ပွဲ ကျင်းပ ရေးအ တွက် ကြုံနေရတဲ့ ကြီးမားတဲ့ အခက်အခဲ ဖြစ်နေတာပါ။ ဒီလို အခက်အခဲ ဖြစ်လာအောင် ရည်ရွယ် လုပ် ဆောင် နေသလား ဆိုပြီး သံသယဖြစ်မိတယ် လို့လည်း သူကဆက်ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့ အုပ်စုနဲ့ မဖြစ်စေချင်တဲ့ အုပ်စုဆိုပြီးတော့ ပြောရမလား၊ ရခိုင် ပြည်နယ်မှာ ရွေးကောက်ပွဲ မဖြစ်နိုင် တမင်တွန်းနေတာလားဆိုပြီးတော့ ကျနော်တို့ သံသယဖြစ်ပါ တယ်။ ဆိုလိုတာက ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေး လုပ်ကတည်းကပေါ့နော် ဒီအနေအထား တစ်ခု ဖြစ် လာ လိမ့်မယ်လို့ ကျနော်တို့ အဲသလို ထင်ထားတယ်။ ထင်တဲ့ အတိုင်းလည်း ဖြစ်လာတယ်။ ဆိုတော့ ပြည်သူ တွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ နည်းပါးသွားလိမ့်မယ်လို့ အဲသလို သုံးသပ်ပါတယ်။”

အခုလို စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ မြေပြင်အနေအထားအရ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အတွက် လက်နက်ကိုင်အဖွဲ့တွေမှာတာဝန်ရှိတာကြောင့် အစိုးရ တပ်မတော်နဲ့ ရခိုင်လက် နက်ကိုင် AA အဖွဲ့တို့ ဆွေးနွေးသင့်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ရေး အဖွဲ့က သုံးသပ် ထား ကြပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */