" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 15, 2019

မောင်တောမြို့ ကင်းချောင်းကျေးရွာအနီး၌လယ်ကွင်း များ မီးလောင်မှုဖြစ်

သက်လွင်စိုး(ပြန်/ဆက်)
မောင်တော မေ ၁၅


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာအနီး သစ်တောကြိုးဝိုင်းအတွင်း ကိုင်းတော နှင့် လယ် ကွင်း များ မေ ၁၄ ရက် နံနက် ၁၁ နာရီ ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒု-မီးသတ်ဦးစီးမှူး ဆန်းလှိုင် နှင့် ဒု-မီးသတ်ဦးစီးမှူး စံလွင် တို့ဦးစီး တပ် ဖွဲ့ဝင် များသည် နေလည်းပိုင်း ၂ နာရီ ခွဲ ခန့်က ကင်းချောင်းကျေးရွာအနီး သစ်တော ကြိုးဝိုင်း အတွင်း မီး လောင် ကျွမ်းနေသော ကိုင်းတော နှင့် လယ်ကွင်းများအား သစ်ကိုင်းများ၊ မီးရိုက်ဒုတ်များဖြင့် မီးငြှိမ်းသတ် ခဲ့ကြပြီး ညနေ ၅ နာရီ အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */