Tuesday, May 21, 2019

မောင်တော မြို့မအရှေ့ရပ်ကွက် နေအိမ် ၃ လုံး မီးလောင်ကျွမ်း

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၂၁ /၂၀၁၉
 မေလ ၂၀ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀အချိန်ခန့်က မောင်တောမြို့ ၊ မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးဆုံးရှုံးသွားခဲ့သည်ဟု မောင်တောခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

"နေအိမ်မီးဖိုချောင်ကနေတဆင့် ပေါ့ဆမှုကြောင့်လောင်သွားတာပါ။ နေအိမ် ပိုင်ရှင်ကိုတော့ အမှုဖွင့် အရေး ယူထားပါတယ် " ဟု မောင်တော ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မအရှေ့ ရပ်ကွက်၊ဟိန္ဒှူရွာနေ ဒူကာဆာရီ (ဘ) မော်နီနော်ရော် အသက် (၅၀)နှစ် ပန်းရံလုပ်ကိုင်သူ၏နေအိမ်မှတဆင့်ကူးစပ်လောင်ကျွမ်းခဲ့ပြီးမောင်တောခရိုင် မီးသတ်ဦးစီးမှူးရုံးမှ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင့် သိရသည်။

ထိုမီးလောင်မှုကြောင့် ဒူကာဆာရီ၏ အလျား(၁၀)ပေ အနံ (၁၀)ပေ အမြင့် (၁၅)ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ် |ဇော်ဒူ (ဘ) ဆီမော်တော် အသက် (၃၅)နှစ်၏ အလျား (၁၅)ပေ အနံ (၂၀)ပေ အမြင့် (၁၅)ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ဖွေရာ (ဘ) အော်ဂျာ အသက် (၄၈)နှစ်၏ အလျား (၈)ပေ အနံ (၈)ပေ အမြင့် (၁၀)ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း နေအိမ် (၁)လုံး၊စုစုပေါင်းနေအိမ် (၃)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ခုနှစ်သိန်းနှစ်သောင်း ခန့်ရှိကြောင်း မောင်တော ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ထိုမီးလောင်မှုကြောင့် ဒူကာဆာရီ (ဘ) မော်နီနော်ရော် အသက် (၅၀)နှစ် ပန်းရံလုပ်ကိုင်သူအား မောင်တောမြို့မ ရဲစခန်းတွင် (ပ-၂၀/ ၂၀၁၉) ပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(ဓါတ်ပုံ- မောင်တောခရိုင်မီးသတ်ဦးစီးဌာန)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */