Friday, August 21, 2020

စစ်တွေမြို့ရှိ ရိုဟင်ဂျာ IDP စခန်းတွင် မီးလောင်

Rohingya Today
အောင်ဇံဝေ
Aug 20, 2020
 စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ IDP ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး နှစ်လအရွယ်ကေ လး တစ်ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးလျက်ရှိသည်။

သြဂုတ်လ (၂၀) ရက်နေ့ ည ၆ နာရီခန့်တွင် အုန်းတော IDP ဒုက္ခသည်စခန်းတွင် ချက်ပြုတ်နေရာမှ မီးစ တင်လောင်ကျွမ်းပြီး အဆောင် ၆ ဆောင် ပြာကျသွားသည်ဟု ဒေသခံများက Rohingya Today သို့ပြော သည်။

မီးလောင်ကျွမ်းသွားသည့် အဆောင်များမှာ ၁၂၀၊ ၁၂၄၊ ၁၂၅၊ ၁၂၆၊ ၁၂၇ နှင့် ၁၃၁ တို့ဖြစ်ပြီး၊ မီးမကူးစက် အောင် ကပ်လျက်ရှိနေသည့် အဆောင်များကို မီးမကူးစက်စေရန်အတွက် အဆောင် ၁၁၈၊ ၁၁၉၊ ၁၃၂ နှင့် ၁၃၃ တို့ကို ဖြိုဖျက်ကာ မီးကို ထိန်းခဲ့ရသည်။

မီးစတင်လောင်ကျွမ်းသည့် အခန်းမှ နှစ်လအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ၆ လ အရွယ်ကလေး ငယ် တစ်ဦး ပျောက်ဆုံးနေသည်။ ည ၆း၃၀ နာရီခန့်တွင် မီးသတ်ကားများ ရောက်ရှိလာပြီး မီးငြိမ်းသတ် ခဲ့ပြီး၊ ထိုအချိန်တွင် မိုးလည်းစတင်ရွာသွန်းသောကြောင့် ည ၇ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆောင်အချို့တွင် အိမ်ခန်း ၈ ခန်းရှိပြီး အချို့တွင် အိမ်ခန်း ၁၀ ခန်းရှိသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */