မောင်တောမြို့နယ်၌ မီးလောင်မှု ဖြစ်ပွား
မောင်တောမြို့နယ် နယ်မြေ (၈) မြင်းလွတ်မြို့ ရှီတာရပ်ကွက် ဇံကာရာရွာကြား၌ နိုဝင်ဘာ ၁၇ ရက် ညနေ (၆) နာရီခွဲတွင် အလျား ပေ (၂၀) အနံ (၁၂) ပေ၊ အမြင့် (၁၀) ပေ ရှိ လူနေထိုင်မှု မရှိသည့် မြေစိုက် သက္ကယ် မိုး ထရံ ကာ ကျောင်းဆရာ၊ ဆရာမ နေအိမ် လိုင်းခန်းနှင့် အလျား (၁၂) ပေ အနံ (၁၀) ပေ အမြင့် (၁၀) ပေရှိ လူနေထိုင်ခြင်း မရှိသည့် သက္ကယ်မိုး ထရံကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရေး နေအိမ် လိုင်းခန်း တို့အား မီးလောင်မှုဖြစ်ပွားခဲ့ရာ တန်ဖိုးငွေကျပ် (၅၀၀၀၀) ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး (ရှီတာ) ဆွေယောဒ့်အာလောင်က နယ်မြေခံ ရဲစခန်း ၌ တိုင်တန်းသဖြင့် မီးရှို့သူအား အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment