Thursday, May 16, 2019

မောင်တောမြို့ ဦးရှည့်ကျကျေးရွာ၌ လူမနေ နေအိမ် (၁)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

မြန်မာ့အလင်း
မောင်တော မေ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာအုပ်စု၊ ဦးရှည့်ကျကျေးရွာ၌ (လူမနေ) နေအိမ်(၁)လုံး မေ ၁၅ ရက် နေ့လည်ပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာအုပ်စု၊ ဦးရှည့်ကျကျေးရွာ၌ (လူမနေ) အီဒီရိစ့် (ဘ) ရှောမ်ရှူ နေအိမ် အလျား (၃၀)ပေ၊ အနံ (၁၅)ပေ၊ အမြင့် (၉)ပေရှိ နေအိမ်အား မသမာသူတစ်ဦးမှ မီးရှို့ ဖျက်ဆီး ထွက်ပြေးသွားပြီး မီးလောင်မှုအား နေ့လည် ၁ နာရီ ၅၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ရာ မီးလောင် ဆုံးရှုံး မှာ (၂)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ပါသည်။ ဦးရှည့်ကျကျေးရွာ၌ (လူမနေ) အီဒီရိစ့် နေအိမ် ကို မီးရှို့ ဖျက်ဆီး ထွက်ပြေးသွားသူအား ပြင်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့်အရေး ယူနိုင်ရေး အတွက် စီ စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။

သက်လွင်စိုး(ပြန်/ဆက်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */