Friday, July 26, 2019

ဘူးသီးတောင်က နယ်ခြားစောင့်စခန်းကို AA ဝင်တိုက်

B B C
ဘီဘီစီ မြန်မာပိုင်း
၂၆ ဇူလိုင် ၂၀၁၉ 


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်  တပ်မ တော် AA က ဇူလိုင် ၂၆ ရက်နေ့ မနက် ၄ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လုံခြုံရဲ တပ်ဖွဲ့ ဝင် ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"AA ဘက်က အင်အား ၇၀ ခန့် ရှိတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေက ရဲလုံခြုံရေးစခန်းထဲ ဝင်တိုက်ခဲ့ပြီး တပ်မတော်ဘက်ကတော့ AA တပ်ဖွဲ့ဝင်ရဲ့ အလောင်း တစ်လောင်း ရထားတယ်" လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အတိုက်ခံရတဲ့ ညောင်ချောင်းရဲစခန်းဟာ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားမှာရှိတဲ လုံခြုံရေးစခန်းကြီး တစ်ခုဖြစ်ပြီး အခု တိုက်ခိုက်ခံရပေမယ့် စခန်းကျ သွားတာ မဖြစ်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */