" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 27, 2023

ရခိုင်တွင် မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

Myanmar Now
မျိုးသစ်
Published on Jan 27, 2023


တိုက်ပွဲရပ်ထားသည့် ရခိုင်ပြည်နယ်အတွင်း မိုင်းကြောင့် ဒေသခံတို့ ထိခိုက်မှုများ မကြာခဏဖြစ်နေပြီး လတ်တ လော ထိခိုက်သေဆုံးသူများထဲတွင် ကလေးများလည်း ပါဝင်နေသည်။ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာမှ မိုင်းထိမှန်သွားသည့် ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-ABN)

 စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ အဆက်မပြတ်ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုတို့ကြောင့် နှစ်ရက်အတွင်း ဒေသခံ နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ် ရာရရှိသွားသည်။

ယနေ့ (ဇန်နဝါရီ ၂၇ )၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဦးသန်းရွှေမောင်ဆိုသူ ရွာအနီး တောတောင်ထဲသို့ ထင်းခုတ်ရန် သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြော သည်။

"ဂျိမ်း--ဂျိမ်းလို့ ကြားရတယ်။ ခဏနေတော့ မကြီး၊ မကြီး၊ ငါဒုက္ခရောက်နေပြီလို့ သူ့မယားကို အော်ပြောနေတာကို ကြားရတယ်။ သူက ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ဆင်းလာတာ တောင်ခြေရင်း အရောက်မှာ သေသွားတာ" ဟု၄င်း က ပြောသည်။

ထိုမိုင်းပေါက်ကွဲမှုဖြစ်ပေါ်သည့် တောင်တန်း၏ မီတာ ၁၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

"တောင်တန်းတစ်လျှောက်တည်းမှာပေါ့၊ စစ်တပ်က တောင်ဘက်မှာ ရှိတယ်။ အခုပေါက်ကွဲတာကမြောက်ဘက်မှာ ပါ။ သူတို့ရဲ့ (စစ်ဆင်ရေး) ဗျူဟာပွိုင့်က ပင်မရှိနေတယ်ဆိုတော့ သူတို့လုံခြုံရေးအတွက် ထောင်ထားတာလို့ သုံး သပ်တယ်" ဟု ဒေသခံ ဒုတိယမြောက်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၆ ) နံနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာအနီး ပေါက်ကွဲမှုတွင် ရိုဟင်ဂျာတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိသွားသည်။ သေဆုံးသူမှာ အသက် ၁၀ နှစ်အရွယ် မာမက်နုရ်ဖြစ်ပြီး ဒဏ်ရာရသူတို့မှာ ဂျာနီအာလမ် (၁၄ နှစ်)၊ အော်ဇီးအူလ္လာ (၁၂ နှစ်) နှင့် ရော်ဘီအုလ်ဟာဆောင်း (၁၂ နှစ်) တို့ဖြစ်သည်။

၄င်းတို့သည် ရွာနှင့် ၇ ဖာလုံခန့် ဝေးသွားသည့် တောင်တန်းသို့ ထင်းခုတ်ရန် သွားရောက်ကြစဉ် ထိခိုက်ကြခြင်း ဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မိရ်ဟူဆိန်းက ပြောသည်။

“မိုင်းပေါက်လို့ တစ်ယောက်ဆုံးသွားတယ်။ နောက်သုံးယောက်ကတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ တစ်ယောက်ကိုတော့ မောင်တောဆေးရုံသို့ ပို့ထားပါတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ တောင်တန်းများတွင် ပြီးခဲ့သည့် သုံးလခန့်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုရှိခဲ့သည်။ ယင်းပတ်ဝန်းကျင်မှ ဒေသခံများမှာ ဟင်းရှာ၊ ထင်းခုတ်ပြီး အ သက်မွေးဝမ်းကျောင်းပြုလုပ်နေရသူများဖြစ်သောကြောင့် ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားသဖြင့် စိုးရိမ်နေရ သည် ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မှာက တောတောင်ကို သွားပြီး ဟင်းရှာတယ်။ ထင်းခုတ်ပြီး စားသောက်နေရတာပါ။ အခုလိုမျိုး ဖြစ် သွားတော့ တော်တော်စိုးရိမ်သွားတယ်။ မိုင်းတွေရှိမလားဆိုပြီးတော့ အဲဒီတောကို မသွားရဲတော့ဘူး” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် AA တို့သည် ၂၀၂၂ နိုဝင်ဘာ ၂၆ မှစတင်ကာ လူသားချင်းစာနာမှုဆိုင်ရာခေါင်း စဉ်ဖြင့် ယာယီအပစ်အခတ်ရပ်စဲလိုက်ကြသည်။

ထို့ကြောင့် စစ်ကောင်စီတပ် မိုင်းရှင်းလင်းပေးမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထင်ထားသလို ဖြစ်မလာဟုဒေသ ခံတို့က ဆိုသည်။

ဇန်နဝါရီ ၁၈ ကလည်း မြောက်ဦးမြို့နယ်၊ နဒင်ကျေးရွာမှ ဒေသခံတစ်ဦးသည် ရွာအနီး တောတောင်သို့ သစ်ခုတ် ရန်သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံး၊ အခြားတစ်ဖက် ပြင်းထန်စွာ ဒဏ်ရာရထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */