RFA
RFA Burmese
2025.01.06
ပေါက်တောမြို့နယ် အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းအား AA ရိက္ခာထောက်ပံ့နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ HDCO Photo
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇန်နဝါရီလ ၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ် အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူဦးရေ ငါးထောင်ခန့်ရှိပြီး နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီတွေ မရတော့တာကြောင့် စားရေး၊ သောက်ရေးခက်ခဲနေတာပါ။ ဒါ့ကြောင့် အဲဒီအထဲက အိမ်ထောင်စု ၁၄၀ ကို ကနဦး ထောက်ပံ့တာလို့ ဆိုပါတယ်။
သူတို့ကို စားနပ်ရိက္ခာလိုအပ်ချက် ထောက်ပံ့ပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ကူညီပေးနိုင်ရင် ရိုဟင်ဂျာတွေအတွက် အထောက်အကူ ဖြစ်မယ်လို့လည်း AA က ပြောပါတယ်။
ဒါကြောင့် လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းတွေအပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အနောက်ရဲ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးမရှိတာ၊ အစားအဟာရ ချို့တဲ့တာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကိုယ်ဝန်ဆောင် တစ်ဦးအပါအဝင် ရိုဟင်ဂျာသုံးဦး သေဆုံးသွားတယ်လို့ ဒုက္ခသည်တွေ RFA ကို ပြောထားပါတယ်။
ဆက်နွယ်သောသတင်းများ

- အင်ဒိုနီးရှားနဲ့ မလေးရှားကို ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီရောက်
- ပုသိမ်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်
- မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ရိုဟင်ဂျာနှစ်ရာနီးပါးကို မလေးရှား ဖမ်းဆီးထိန်းသိမ်း
- ပေါက်တောမှာ ရိုဟင်ဂျာ ငါးထောင်ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ
- မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် AA ထိန်းချုပ်ပြီးနောက် ဒေသခံတွေကို နေရပ်ပြန်ခွင့်ပြု
No comments:
Post a Comment