" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 8, 2023

ပေါက်တော ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ် နှစ်ရာနီးပါး မီးလောင်

RFA
RFA Burmese
2023.05.08

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်း ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က မီးလောင်နေသည်ကို တွေ့ရစဉ်။
Citizen Journalist


ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၇ ရက် ညနေကနေ ည ၉ နာရီခန့်အထိ မီးလောင်ကျွမ်းခဲ့တာကြောင့် နေအိမ်ပေါင်း ၁၈၅ လုံးဟာ မီးလောင်ပျက်စီးသွားတယ်လို့ ရိုဟင်ဂျာ တွေက RFA ကို ပြောပါတယ်။

ထမင်းချက်ရာကနေ မတော်တဆမီးလောင်ခဲ့တာလို့ အဲဒီစခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးလှမောင်က RFA ကို ပြောပါတယ်။

"ထမင်းချက်တဲ့မီးကနေ မတော်တဆမီးလောင်သွားတာပါ။ အိမ်ခြေအားလုံး ၁၈၅ ဆောင်ပါသွားတယ်။ ညနေ ၅ နာရီခွဲကျော်လောက်က စလောင်တာ ၉ နာရီလောက်မှ မီးငြိမ်းသွားတယ်။ မီးသတ်အဖွဲ့တွေလည်း ရောက်လာပါတယ်။ လူတွေသေဆုံးတာတော့ မရှိပါဘူး"

မီးလောင်သွားတဲ့နေအိမ်တွေမှာ မိသားစုအနည်းဆုံး နှစ်စု၊ သုံးစု နေထိုင်ကြတာကြောင့် လက်ရှိမှာ အိမ်ထောင်စု ငါးရာကျော်က လူဦးရေသုံးထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီလို့ ဆိုပါတယ်။

မီးဘေးသင့်ဒုက္ခသည်တွေဟာ စာသင်ကျောင်းတွေနဲ့ နီးစပ်ရာနေရာတွေမှာ ယာယီခိုလှုံနေကြပြီး စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ မီးထဲပါသွားတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဦးလှမောင်က ပြော ပါတယ်။

အဲဒီ ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ထောင်စုတစ်ထောင်ကျော် စုစုပေါင်းလူဦးရေ ခုနစ်ထောင်ကျော် ရှိပြီး ၂၀၁၂ ခုနှစ်ကတည်းက အဲဒီစခန်းမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */