နောင်ခိုင်အောင်
စစ်တွေ၊ ဇွန် ၇/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် စစ်ဘေးရှောင် စခန်းသို့ ထွက်ပြေးခိုလှုံလာသူ ၃၀၀၀ ကျော်ထိ မြှင့်တက်လာကြောင်း သတင်းရရှိသည်။
“ အခုက လက်ရှိ ကျေးရွာ ၉ ရွာကနေ စစ်ရှောင်ပြည်သူ (၃၄ဝဝ)ခန့်ရောက်ရှိလာပါတယ်။ ဇွန်လ ၄ ရက်နေ့ က စစ်ဘေးရှောင် ၁၅၁၇ ယောက်ရှိတယ်။ ၅ ရက်နေ့မှာတော့ ခနောင်းကြီးနဲ့ စေတီပြင်ကြားမှာ တိုက်ပွဲဖြစ် တယ်။ အဲဒီတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူ ၃၄၀၀ လောက်ရှိမယ် ” ဟု ပေါက်တောပြင်စခန်းတွင်း အ တွင်းရေးမှူးတာဝန်ယူဆောင်ရွက်နေသည့် ဦးသဘာဝနဒီက နိရဉ္စရာသတင်းဌာနကို ပြောသည်။
အဆိုပါစစ်ရှောင်များသည် စေတီပြင်ကျေးရွာ၊ ကြက်စာတလင်းကျေးရွာ၊ ခနောင်းကြီးကျေးရွာ၊ ပိုရွီပြင်ကျေး ရွာ၊ အောင်ဘောင်တော်ကျေးရွာ၊ ရဟတ်တောင်ကျေးရွာ၊ ဂန့်ဂါကျေးရွာ၊ ကန်ချောင်း ကျေးရွာနှင့် ဖောင် ဆိပ်ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်ကြသည်။
“အားလုံးက ကိုယ့်အိမ်ကိုပြန်ချင်ကျတယ်။ ကလေးတွေငိုတာနဲ့ ကျန်းမာရေးကလည်းမကောင်း သွားချင် နေတာ မသွားရဲသေးဘူး။ ပတ်ဝန်းကျင်ရွာတွေကို အမြဲတန်း စစ်သားတွေရောက်တယ်။ မကြာခဏ စေစ် သားတွေ လာတာရှိ တယ်။ အဲလိုကြားတော့ တိုက်ပွဲ ဖြစ်မှာကို ကြောက်ပြီး အိမ်မပြန်ရဲသေးဘူး” ဟု ရဟတ် တောင်ကျေးရွာမှ ထွက်ပြေး တိမ်းရှောင် လာသူ ဒေါ်သန်းဝင်းမြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းတို့အနေဖြင့် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနှင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတို့၌ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များကဲ့သို့ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ထွက်ပြေး တိမ်ရှောင် လာရခြင်း ဖြစ်ကြောင်း စခန်း တာဝန်ရှိသူက ပြောသည်။
No comments:
Post a Comment