" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 26, 2023

မောင်တောတွင် တိုက်ပွဲဖြစ်၊ ပလက်၀နှင့်ပေါက်တောတို့ တွင်လည်း တိုက်ပွဲပြင်းထန်၊ ပေါက်တောမြို့ မီးလောင်

ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
November 26, 2023


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် ရက္ခိုင့်တပ်တော် (AA) က ရက္ခိုင်ပြည်၊ မောင်တော မြို့နယ်၊ ကိုင်းကြီးစခန်းအနီး စစ်ကောင်စီ၏ နခခ ၄ လက်အောက်ခံတပ်ဖွဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ် ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ် ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်” ဗျူဟာ နှင့် “နှုဘူး” ဗျူဟာနှစ်ခုကိုလည်း စစ်ဆင်ရေး ၁၂ မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်နေပြီး အပြီးသတ်သိမ်း ပိုက် နိုင်ရေးအတွက် တိုက်ပွဲများပြင်းထန်လျက် ရှိကြောင်း၊ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၅ ကြိမ်တိုင် နံနက် ၃ နာရီ(၃၀) မိနစ်မှ စတင်ပြီး လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ညနေပိုင်းအထိ ပလက်ဝဒေသတစ်လျှောက်ကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ၅ ကြိမ်တိုင် တိုင် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရက္ခိုင်ပြည်၊ ပေါက်တောမြိုအတွင်း ဓားစာခံကယ်တင်ရေးတိုက်ပွဲများ ဆက်လက်ရှိနေခဲ့ပြီး ရက္ခိုင့်တပ် တော် အနေဖြင့် ပိတ်မိနေသည့် ဒေသခံပေါက်တောမြို့သူမြို့သားများကို ဆက်လက်ကယ်တင်ရန် ကြိုးစား လျက်ရှိ ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြစ်ထဲရှိ စစ်ကောင်စီ၏ ရေတပ် သင်္ဘောက လက်နက်ကြီးဖြင့် တမင်တကာ ပစ်ခတ်ခဲ့သဖြင့် ပေါက်တောမြို့မဈေးကြီး အပါအဝင် နေရာ (၂) ခု မီး လောင်ပျက်စီးခဲ့ရကြောင်း၊ ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြိုမဈေးကြီး မီးလောင်ပြာကျခဲ့ရပြီး ဖြစ်ကြောင်း သိရှိရ သည်။

စစ်ကောင်စီတပ်၏ စစ်သင်္ဘောက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရခိုင်ပြည် ပေါက်တောမြို့ ဈေးတန်း ရပ် ကွက် ၃ တွင် မီးလောင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ကုလားတန်မြစ်ဝ တွင်ရှိ သည့် စစ်ကောင်စီ နေဗီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့မစျေး မီးလောင်ခဲ့ကြောင်း၊ နို ဝင်ဘာ ၂၅ ရက်နေ့ ညပိုင်း ၈ နာရီအချိန် စစ်ကောင်စီ၏ စစ်သင်္ဘောက က ပစ်ခတ်သော လက်နက်ကြီးကြောင့် ရခိုင်ပြည် ပေါက်တောမြို့အတွင်း မီးလောင်နေကြာင်း သိရှိရသည်။

“မြို့ထဲကို နေဗီက တစ်လျှောက် ပစ်နေတာ။ ညနေပိုင်းမှာ အဆိုးရွားဆုံးပါပဲ။ ၇ နာရီ ၃၀ မိနစ်လောက် မီးလောင် တာတွေ တစ်လျှောက်မြင်နေရတယ်။ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးက တစ်လျှောက်ပစ်နေတယ်”ဟု ပေါက်တောမြို့ မလှမ်းမကမ်းတွင် ရှိနေသည့် မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ – နိုဝင်ဘာလ ၂၄ ရက်နေ့ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်သွား၍ ပြာကျသွားပုံ။

Photo-သန်းထွန်းအောင်
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */