Sunday, May 19, 2019

ရခိုင်ပြည်နယ်ထဲ စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းရေးနဲ့ အဖြေရှာဖို့အတွက် တောင်းဆိုဆန္ဒပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-19

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာညှိနှိုင်းအဖြေရှာဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေ စစ်တွေမြို့မှာ ၂ဝ၁၉ ခုနှစ် မေလ ၁၉ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်
Photo: Min Thein Aung/RFA


ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့မြို့နယ် လေးခုမှာ သံဃာတော်နဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒ ပြတောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ဒေသကို အပစ်အခတ်ရပ်စဲပြီး ပြဿနာကို စစ်ရေးနဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းမှာဆွေးနွေးပြီး အဖြေရှာဖို့၊ စစ်ဘေးဒုက္ခသည်အရေးအတွက် အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့၊ ပြည်တွင်း ပြည်ပက အလှူရှင်တွေကို လွတ် လပ်စွာ သွားလာဆောင်ရွက်ခွင့်ပြုဖို့၊ မြန်မာ့တပ်မတော်က ပစ်ခတ်လို့ သေဆုံးဒဏ်ရာရတာ ဖမ်း ဆီး ခံရတာ စတဲ့ဖြစ်ရပ်တွေ နောင်မဖြစ်စေဖို့ စတဲ့အချက်တွေကို တောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင် သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တွေမြို့မှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ မြို့ မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်တို့ထံ မေလ ၉ ရက်နေ့က စာပေးပို့တောင်းဆိုထားပေမယ့် ဒီနေ့အထိ တစ် စုံတစ်ရာအကြောင်း မပြန်သေးဘူးလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အပြစ်မဲ့အရပ်သားတွေကို တပ်မတော်က ပစ်ခတ်လို့သေဆုံးဒဏ်ရာရတာတွေကို အစိုးရ က လျစ်လျူရှုထားတယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်သူတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲအတွက် ရဲတပ်ဖွဲ့ထံ ခွင့်ပြုချက်တင်ရာမှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နှိပ်စက် ဖမ်းဆီး တာတွေကို ရပ်ဆိုင်ရေး၊ သံသယနဲ့ မတရားဖမ်းဆီးခံရသူတွေကို ချက်ချင်းလွှတ်ပေးရေး၊ မတရား သဖြင့် ပစ်ခတ်သတ်ဖြတ် သူတွေကို ဥပဒေအရ အရေးယူပေးရေး စတဲ့အချက် ၃ ချက်ကို တပ်မတော်နဲ့ ပတ် သက်နေတယ်ဆိုပြီး ခွင့်မပြုခဲ့ဘူးလို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။

ဒါကြောင့် စစ်တွေမြို့ကဆန္ဒပြပွဲကို ကြွေးကြော်သံတွေမပါဘဲ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */