Wednesday, May 15, 2019

ဖမ်းဆီးထားတဲ့ ဆုထူးစံ ဝန်ထမ်းတွေ အသက်ရှင် လျက်ရှိ

B B C
ဘီဘီစီ မြန်မာပိုင်း
15 မေ  2019
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထဲက တွင်းကင်းအလောင်းရွာမှာ ဆုထူးစံ ကုမ္ပဏီဝန်ထမ်းတွေ လမ်းလုပ် ငန်း ဆောင်ရွက်နေစဉ် မတ်လ ၃၀ ရက်နေ့က အင်အား ၁၇၀နီးပါးရှိတဲ့ ရက္ခိုင့်တပ်(AA) က ဝန်ထမ်း ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဝန်ထမ်း ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ယနေ့အချိန်အထိ ၈ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ဒီလူ ၈ ယောက်ရဲ့ နောက်ဆုံးအခြေအနေကို ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ ရက္ခိုင့်တပ် အေအေရဲ့ ပြော ရေးဆိုခွင့်ရသူ ခိုင်သုခက ဒီလူတွေကို ကောင်းမွန်စွာ ထားရှိကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ အစီအစဉ် ရှိပေမယ့် လတ်တလော တိုက်ပွဲတွေနဲ့ တခြားအခက်အခဲတွေကြောင့် ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ် ကတ်ကူဝရွာနား လမ်းဖောက်နေတဲ့ ကုမ္ပဏီက ဝန်ထမ်း ၁၃ ယောက်ကို အေအေက မတ်လ ၃ဝ ရက်နေ့က ဖမ်းဆီး ချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်နေ့မှာတော့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပြန်လွတ်လာပြီး အေအေရဲ့လက်ထဲ ၈ ယောက် ဆက်လက် ရှိနေပါတယ်။


တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ ဒေသခံ မဟုတ်သူတွေကို တွေ့ရတဲ့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်နိုင်ဖို့ ဖမ်းဆီးခဲ့ရတာ ဖြစ်တယ်ဆိုပြီး အေအေဘက်က အဲချိန်က အကြောင်းပြချက်ပေးခဲ့ပါတယ်။

အခုချိန်မှာတော့ ကျန်ရစ်သူမိသားစုတွေက စိတ်ပူပန်နေပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

လက်ရှိချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ် အကြားမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့သလို တခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာတွေ ရှိတဲ့အတွက် နယ်စပ်ကနေ တဆင့် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးရေးက အန္တရာယ်များတယ်လို့ ပြောပါတယ်။

လက်ရှိရခိုင်တပ်မတော် AA က လက်ရှိအခြေအနေမှာ ထိန်းသိမ်းထားသူ ၁၂ ယောက်ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောခဲ့ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */