‘‘သံပေါင်တွေက မီးလောင် ထားတော့ ခံနိုင်ဝန်ကောင်းသေး လား သုံးလို့ရ၊ မရဂျပန်ပညာရှင် တွေနဲ့ စစ် ဆေးမယ်။ ကုလားတန် စီမံကိန်းက မြို့တွင်းက ၄၃ မိုင် အထိပဲသွားလို့ရတယ်။ အဲဒီအ ပိုင်းပဲလုပ်လို့ရ တယ်။ ကျန် တာတွေကလုပ်လို့မရဘူး’’ ဟု ဦးစိုး ထက်ကပြောသည်။
အဆိုပါ သံပေါင်များကို ဂျပန်နိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး သံပေါင်များ မီးလောင်ခြင်း ကြောင့် ခံနိုင်ဝန်ပြန် စစ် ရန် ဂျပန် ပညာရှင် ခေါ်ယူထားကာ ခံနိုင် ဝန်စစ်ဆေးပြီးမှသာ စီမံကိန်း ပြန်လည်စတင်နိုင်မည်ဟု ဆို သည်။ ကုလားတန်ဘက်စုံသုံး စီမံကိန်းတွင်လည်း အချို့နေရာ များ ရပ်ဆိုင်ထားပြီး ပလက်၀ မြို့အနီးတွင်သာ တိုင်းတာရေး လုပ်ငန်းများလုပ်ကိုင်နိုင်သည်ဟု ဝန်ကြီးကပြောသည်။
ပလက်ဝတံတားစီမံကိန်း တွင် အသုံးပြုရန် သံပေါင် ၂၈၆ ဒသမ ၂၃ တန်တင်ဆောင်လာ သည့် MV- ရတ နာဝင်း (၇) ရေ ယာဉ်ကို မတ်လ ၁၆ ရက်၌ AA ကလက်နက်ငယ်များဖြင့် ပစ်ခတ် ပြီး မီးရှို့ခဲ့သည်ဟု ဆောက် လုပ် ရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။
AA လက်နက်ကိုင်အဖွဲ့က သင်္ဘောဝန်ထမ်းများကို ကမ်းသို့ ကပ်ခိုင်းပြီးနောက် သင်္ဘော၏ အင်ဂျင်ခန်းကို မီးရှို့ခြင်းဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြော သည်။
အဆိုပါ သင်္ဘာပေါ်တွင်သံ ပေါင် ၂၅၆ တန်ကျော်၊ သံပေါင် အထိုင်ခုံ ၂၄ တန်ကျော်၊ High Tension Bolt လေးတန်ကျော်နှင့် သုတ်ဆေးများပါဝင်ပြီးစုစုပေါင်း တန်ဖိုးကျပ် တစ်ဘီလီယံကျော်ရှိ သည်ဟု အစိုးရက သတင်းထုတ် ပြန်သည်။
ကန်ဒေါ်လာသန်း ၅၀၀ တန်ကုလားတန်ဘက်စုံသုံးစီမံ ကိန်းသည် မြန်မာ - အိန္ဒိယနှစ် နိုင်ငံကို ကုန်းလမ်း၊ ရေလမ်း ဖြင့်ဆက်သွယ်ရန်ဖြစ်ပြီး စီမံကိန်း ကို ၂၀၂၀ တွင် အပြီးသတ်ရန် စီစဉ်ထားသည်။
အဆိုပါစီမံကိန်းသည် ရခိုင် ပြည်နယ်စစ်တွေမှ ကုလားတန် မြစ်ကို ရေကြောင်းဖြင့်ဖြတ်သန်း ပြီးချင်းပြည် နယ်ပလက်ဝမြို့မှ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံမီဇိုရမ် မြို့သို့ဆက်သွယ်ရန်ဖြစ်သည်။
Link : Here
No comments:
Post a Comment