B B C
ဘီဘီစီ မြန်မာပိုင်း
09 မေ 2019
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ် အထက်ပိုင်းက မီးဇာ၊ သာယာကုန်း၊ ပြည်ထောင် အစရှိတဲ့ ရွာတွေနားမှာ စခန်းချခဲ့တဲ့ အစိုးရစစ်တပ်တွေကနေ ရွာသားတွေကို ငွေကြေး အနည်းငယ်ပေးပြီး ရိက္ခာတွေ သယ်ယူဖို့ပေါ် တာ ဆွဲတာတွေရှိနေတယ်လို့ အဲဒီဒေသက ရွာသားတွေက ပြောပါတယ်။ရွာသားတွေကို ငွေပေးပြီး ထမ်းခိုင်းတာဖြစ်ပေမယ့် ရွာသားတွေအနေနဲ့ မိမိတို့ရွာတွေမှာ တောင်ယာ အ လုပ်တွေရှိပြီး တချို့နေရာတွေမှာ မိုင်းပေါက်တာတွေရှိတာကြောင့် အသက်အန္တရာယ်ကြောင့် မလိုက် လို ကြဘူးလို့ ပလက်ဝမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်က ရွာသားတွေကို ဆန် ၁ အိတ်ထမ်းရင် ငွေကျပ် ၈၀၀၀ ကျပ်ပေးပေမယ့် ဆန်တအိတ်ကို လူ ၂ ယောက် ထမ်းရကြောင်းနဲ့ ထမ်းနေကျ နှုန်းခထက် အင်မတန်နည်းပါးတာကြောင့် ရွာသားတွေက ငြင်း ဆန်ကြပါတယ်။
ရွာအုပ်ချုပ်ရေးမှူးတွေက စစ်တပ်အတွက် လူလိုရင် လိုသလောက် ၁၀ ယောက်ကနေ ၁၅ ယောက်အထိ စု ဆောင်းပေးရပြီး ရွာသားတွေက မလိုက်ချင်လို့ ငြင်းခဲ့ရင် စစ်တပ်က အုပ်ချုပ်ရေးမှူးကို ညံတယ်လို့ အပြစ် တင်တာတွေရှိတဲ့အတွက် လုပ်ကိုင်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ပလက်ဝဘက် တပ်မတော်နဲ့ AA တကျော့ပြန်တိုက်
- ပလက်ဝ က စစ်ရှောင် ၁၁ ဦးနဲ့ အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်းအက်ဥပဒေနဲ့ စွဲချက်တင်
စစ်တပ်က ရွာသားတွေကို ဆန် ၁ အိတ်ထမ်းရင် ငွေကျပ် ၈၀၀၀ ကျပ်ပေးပေမယ့် ဆန်တအိတ်ကို လူ ၂ ယောက် ထမ်းရကြောင်းနဲ့ ထမ်းနေကျ နှုန်းခထက် အင်မတန်နည်းပါးတာကြောင့် ရွာသားတွေက ငြင်း ဆန်ကြပါတယ်။
ရွာအုပ်ချုပ်ရေးမှူးတွေက စစ်တပ်အတွက် လူလိုရင် လိုသလောက် ၁၀ ယောက်ကနေ ၁၅ ယောက်အထိ စု ဆောင်းပေးရပြီး ရွာသားတွေက မလိုက်ချင်လို့ ငြင်းခဲ့ရင် စစ်တပ်က အုပ်ချုပ်ရေးမှူးကို ညံတယ်လို့ အပြစ် တင်တာတွေရှိတဲ့အတွက် လုပ်ကိုင်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်တပ်က ခိုင်းစေမှုက အခကြေးငွေနဲ့ ပေးပေမယ့် အာဏာပါလာတာကြောင့် ရွာသားတွေအနေနဲ့ စိတ်မလုံခြုံမှုတွေကို ခံစားရနိုင်တယ်လို့ ချင်းလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က မိုင်သင်း ယု မွန်က ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ အစိုးရတပ်က ဝင်ရောက်ပြီး ပေါ်တာဆွဲခိုင်းစေတာတွေရှိသလို ရက္ခိုင့်တပ် မတော် AA ဘက်ကလည်း ရွာတွေထဲ ဝင်ရောက်ပြီး ကြက်၊ ဝက် စတဲ့ ရိက္ခာအတွက် တောင်းယူ တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အခုလို လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ အစိုးရနဲ့ မြန်မာနိုင်ငံလူ့ အခွင့် အရေးကော်မရှင်ကို အစီရင်ခံစာ ပေးပို့သွားမှာဖြစ်တယ်လို့ CHRO က မိုင်သင်းယုမွန်က ပြောပါတယ်။

Link : Here
No comments:
Post a Comment