" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 11, 2019

မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ချင်းလက်ဝရွာသား ၃ ဦးကို ထောင်ဒဏ်(၃)နှစ်စီချ မှတ်

နိရဉ္စရာ
နောင်ခိုင်အောင်
နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၁၉

ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာမှ မတရားအသင်းဆက်သွယ်မုှုပုဒ်မ ၁၇(၁)(၂)ဖြင့် ဖမ်း ဆီးစစ်ဆေးခံနေရသည့် ဒေသခံ သုံးဦးအား ယနေ့ ဧပြီးလ ၁၀ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ထောင် ၃ နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရသူများမှာ ချင်းလက်ဝကျေးရွားသားများဖြစ်ကြသည့် ဦးသာထွန်း (၄၇ ) နှစ်၊မောင် ဇော်မင်းထိုက် (၂၅) နှစ်နှင့် ဦးထွန်းအေး(၃၀) နှစ်တို့ ဖြစ်ကြသည်။

“ဖမ်ထားတာ ၃ လလောက်ရှိပြီ တစ်ခါမှတွေ့ခွင့်မရခဲ့ဘူး။ အခုလည်းပဲ တရားရုံးမှာအပြီး သတ်ဆုံးဖြတ်ဖို့ ရှိတယ် လို့ကြားလို့ လိုက်လာတာ တရားရုံးတောင်ဝင်ခွင့်မရခဲ့ဘူး။ ၁၀ မိနစ်လောက်ကြာတော့ တစ်ယောက် ကို ထောင်ဒဏ် ၃ နှစ်စီချလိုက်ပြီဆိုတာပဲသိရပါတယ်” ဟု ဦးထွန်းအေး၏ဇနီး ဒေါ်အေးကျော့ဦးက ပြော သည်။

အဆိုပါ ၃ ဦးကို ထောက်ဒဏ်များချမှတ်ပြီးနောက် ပလက်ဝမြို့မရဲစခန်းတွင်အချုပ်တွင် ထားရှိသည်ကိုသိ၍ မိ သားစုဝင်များ သွားရောက်တွေ့ဆုံခဲ့ကြပြီး ဖမ်းဆီစစ်ဆေးခံရချိန်ကာလအတွင်း ဒဏ်ရာများရရှိခဲ့သဖြင့် ဆေး ဝါးများ သွားရောက်ပေးရန် စီစဉ်နေသည်ဟု မိသားစုဝင်များက ပြောသည်။

“ ကျွန်မတို့သွားတွေ့တော့ သူတို့ကိုရိုက်နှက်စစ်ဆေးထားတာတွေကြောင့် ဒဏ်ရာတွေရနေတာအခုထိမကောင်း သေးဘူး။ ဆေးဝါတွေယူလာပေးခွင့်ရဖို့အတွက် စခန်းက တာဝန်ရှိသူတွေကို ခွင့်တောင်း ခဲ့ပါ တယ်။ ကျွန်မတို့အခု ထမင်းသွားပို့ရင်းနှင့် ဆေးဝါးတွေပေးဖို့လုပ်နေပါတယ်” ဒေါ်အေးကျော့ဦးက ပြော သည်။

အဆိုပါ ထောင်ချခံရသူ ၃ ဦးကို ယခုနှစ် ဇန်နဝါရီလမှစ၍ ၎င်းတို့နေအိမ်များမှ စစ်တပ်က ဖမ်းဆီး ခေါ် ဆောင် ခံခဲ့ကြရသူများ ဖြစ်ကြသည်။

၎င်းတို့အား မနာလိုသူများမှ AA နှင့် အဆက်အသွယ် ရှိသည်ဟု မဟုတ်မမှန် စစ်တပ်ကို သတင်းပို့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယခုလို ထောင်ချမှတ်ခံရခြင်း ဖြစ်သည်ဟု မိသားစုများက ပြောဆိုသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */