" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 21, 2023

ပုဏ္ဏားကျွန်းနှင့် ပလက်ဝတွင် စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုကြောင့် ‌ဒေသခံ အချို့ ထိခိုက်ဒဏ်ရာရ

Western News|
နိုဝင်ဘာ ၂၁-၂၀၂၃

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းမှ ပစ်ခတ်မှုတို့ ပြုလုပ်ခဲ့သည့် အတွက် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ပလက်ဝမြို့နယ်မှ ပစ်ခတ်မှုမှာ ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ် ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က ညပိုင်း ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ။ လေယာဉ်နဲ့ ဒီအတိုင်းလာပစ်သွားတာ။ မီးဇာမှာ စစ် ရှောင်တွေလည်းရှိနေတယ်။ အဲ့မှာ စစ်‌ဘေးရှောင်နေတဲ့ထဲက ၆ ယောက်နဲ့ ရွာခံ ၂ ယောက် ထိခိုက် သွားတယ်။ ထိခိုက်တဲ့ထဲကလေးတွေလည်းပါတယ်" ဟုပြောသည်။

ပလက်ဝမြို့နယ် မီးဇာကျေးရွာမှာ လူဦးရေ ၁၅၀၀ ကျော်ခန့်နေထိုင်ပြီး အဆိုပါကျေးရွာတွင် ဥသလင်း ချောင်းနှင့် ခမောင်းဝဖက်တို့ကလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကစ၍ စစ်ဘေးရှောင်နေကြသည့် စစ် ဘေးရှောင်များလည်း နေထိုင်ကြောင်း သိရသည်။

ယမန်နေ့က စစ်ကောင်စီ၏ ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရထားသူများကို လက်ရှိတွင် မီးဇာတိုက် နယ်ဆေးရုံ၌ ဆေးကုသပေးထားလျှက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။ပလက်ဝမြို့နယ် မှာ စစ် ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲအများအပြားဖြစ်ပွားရာဒေသတစ်ခုဖြစ်ပြီး လက်ရှိမှာလည်း စစ်ကောင်စီ၏ တရွန်အိုင်နှင့် နူးဗူးဗျူဟာတို့ကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိနေ သည်။

စစ်ကောင်စီမှ လေကြောင်းအသုံးပြုပစ်ခတ်မှုမှာ ပလက်ဝမြို့နယ်ဖက်အပြင် ရခိုင်ရှိမြို့တစ်ချို့တွင် လည်း ထိုကဲ့သို့ပစ်ခတ်မှုတို့ ပြုလုပ်လာနေပြီး ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင်လည်း ပေါက်တောမြို့ နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအချို့ကို စစ်ကောင်စီမှ လေကြောင်းမှပစ်ခတ်ခဲ့မှုတို့ရှိခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအချို့ကို စစ်ကောင်စီရဟတ်ယာဉ်သည် မင်းဇီချောင်းကျေးရွာအနီးက လယ်ကွင်းများကို ၁၃ မိနစ်ခန့်ကြာ ရမ်းသမ်းပစ်ခတ်သွားခဲ့ကြောင်းမင်းဇီချောင်းရွာဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။


"ဒီကနေ့ လယ်သမားတွေ စပါးရိုက်သိမ်းနေကြတဲ့သူတွေကို (စစ်ကောင်စီက) ပစ်တာပါ။ ၁၃ မိနစ်ကြာ ပစ်တယ်။ လယ်ကွင်းပေါ်တွေမှာ စက်သေနတ်တွေနဲ့ လေယာဉ်ကနေ ပစ်တာပါ။ ဒဏ်ရာရရှိတာက တော့ အခု မကြားသေးဘူး။ လုပ်လက်စအလုပ်တွေ ဒီအတိုင်း ထားခဲ့ရတယ်။ 

အကုန်ကြောက်လန့်ပြီးပြေးကြာတာ။ တိုက်ပွဲ မဖြစ်ဘဲ ဒီအတိုင်း ပစ်တာနော်"ဟုပြောသည်။ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးအခြေနေမှာ နှစ်ဖက်တင်းမာမှုဆက်ရှိနေဆဲဖြစ်ပြီး တိုက်ပွဲကာလ တစ်ပတ်အကြာအတွင်း စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် ရခိုင်မြောက် ပိုင်း နှင့် ချင်းပြည်နယ်ပလက်ဝတို့ဖက် ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပြီဖြစ်ပြီး သေဆုံးသူ ၃၀ နီးပါး ခန့်ရှိ လာပြီဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီကျော်က ရခိုင်ပြည် ပေါက်တောမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲ များ ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
Western News-WN

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */