By ဒီဗွီဘီ
1 July 2019
ရခိုင်ပြည်နယ်က မြို့နယ်သုံးခုအပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ဇွန်လ ၃၀ ရက်နေ့ မနက် ပိုင်းက စလို့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက် လက် နက် ကိုင်တွေက ဒီဗွီဘီကိုပြောပါတယ်။
ရသေ့တောင်မြို့နယ် နွားလှကျော်(လိုင်ဂွင်)နဲ့ ကျောက်တန်းရွာကြားမှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ၁ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ကျောက်တော်မြို့နယ် သစ်တပုန်း ကျေးရွာရဲ့ မြောက်ဘက်မှာ လည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ခိုင်သုခကပြောပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ် လေးမြို့မြစ်ရဲ့ ရွှေကျန်ရွာနဲ့ သာစည်ကျေးရွာကြားတောင်တန်းမှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့သလို ပလက်ဝမြို့နယ် ပေတောင် ကျေးရွာအနီးတဝိုက်မှာလည်း တိုက်ပွဲတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်ဘက်ကပါ ကျဆုံးမှုရှိသလို ရက္ခိုင့်တပ်တော် အေအေ ဖက်ကလည်း တပ်သားနှစ်ဦး ကျဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုပါတယ်။
“တိုက်ပွဲဖြစ်တာက အကုန်လုံးဆိုရင် လေးနေရာဖြစ်တယ်ဗျ၊ ရသေ့တောင်မှာရယ်၊ ကျောက်တော်ရယ်၊ မင်းပြားရယ် နောက်ပြီး ပလက်ဝမှာဖြစ်တယ်။ စစ်တပ်ဘက်က အကျအဆုံံးတော်တော်များတယ်၊ ထိခိုက် ဒဏ်ရာရတာ အများအပြားရှိတယ်။ မင်းပြားဘက်မှာတိုက်ပွဲက တရက်လုံးနီးပါး ဖြစ်နေတယ်။ အဲ့ဒီမှာ ကျနော်တို့ဘက်က ၂ ဦးကျဆုံးတယ်။ ဒီတိုက်ပွဲတွေမှာ ကျနော်တို့ဘက်က ကြားဖြတ်တိုက်တာဖြစ်လို့ အကျအဆုံးနည်းတယ်။”
တပ်မတော်ဘက်က လူအင်အား၊ လက်နက်အင်အားတွေကို ကုန်လမ်းကြောင်း အပါအဝင်ရေလမ်းကြောင်း ကပါ အများအပြား အင်အားဖြည့် တင်နေတာရှိတာကြောင့် နောက်ထပ်ရှေ့ရက် တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန် လာဖွယ်ရှိနိုင်တယ်လို့ ခိုင်သုခကပြောပါတယ်။
အဲ့ဒီနေရာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲဖြစ်ခဲ့သလို အထိအခိုက်တွေရှိတယ် လို့ တပ်မေ တာ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ အထိအခိုက်တွေရှိပါတယ်။ တိုက်ပွဲတွေဆက်ဖြစ် နေတော့ ကျနော် လည်း ဂဃနဏမသိဘူး။ အရေအတွက်တော့ ကျနော်တို့ တိုက်ပွဲက ရင်ဆိုင်ထိန်းချုပ်ဖြစ်နေတော့ ဂဃန ဏ မပြောနိုင်သေးဘူး”လို့ပြောပါတယ်။
မင်းပြားမြို့နယ် ရွှေကျန်ရွာနဲ့ သာစည်ကျေးရွာကြား တောင်တန်းကနေပစ်ခတ်သံတွေ ဒီကနေ့ မနက်ပိုင်းက တည်းကြားနေရသလို အဲ့ဒီကျေးရွာအနီး မင်းဖူးကျေးရွာမှာ တပ်မတော် နေရာယူမှုတွေ ရှိနေတာကြောင့် ကျေးရွာဒေသခံတွေကလည်း စိုးရိမ်နေကြတယ်လို့ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လှသိန်း အောင်က ဒီဗွီဘီကိုပြောပါတယ်။
ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်ဒီဇင်ဘာ လဆန်းပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေဖြစ်လာ ခဲ့ တာ အခုဆိုရင် ၇ လ နီးပါးကြာမြင့်လာပေမယ့် ဒီနေ့အချိန်အထိ စစ်ရှိန်တွေ ပိုမြှင့်တက်နေတာပါ။ ဒီလို တိုက်ကြောင့်လည်း စစ်ဘေးရှောင် ၅ သောင်းဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို စားနပ်ရိက္ခာတွေ၊ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
Link : Here
No comments:
Post a Comment