" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 3, 2019

ကုလားတန်စီမံကိန်းအကြောင်းပြပြီး AA အဖွဲ့ကို ထောက်လှမ်းကြောင်းပြောကြားချက် တပ်မတော် ငြင်းဆို

RFA
 လွတ်လပ်တဲ့ အာရှအသံ
2019-04-03
 မဝေမာထွန်း
  AA က ဆုထူးစံကုမ္ပဏီဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ပြမြေပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားစဉ်


 မြန်မာ့တပ်မတော်ဟာ စစ်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အဆက်အစပ်ရှိတဲ့ အဖွဲ့အစည်း မဟုတ်တာကြောင့် ကုလားတန်စီမံကိန်းကိုအကြောင်းပြုပြီး AA ကို တပ်မတော်က ထောက်လှမ်းတယ်ဆိုတဲ့ ပြောကြားချက် တွေဟာ မဟုတ်မှန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း ကပြော ပါတယ်။

ရက္ခိုင့်တပ်မတော် AA က ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်း ကျေးရွာမှနေထိုင် နေတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီမံကိန်း၊ ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်း ဖောက် ရေး လမ်းလုပ်သား အမျိုး သား ၈ ဦးကို ဖမ်းဆီးသွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုဖမ်းဆီးလိုက်သူတွေထဲမှာ စစ်ထောက်လှမ်းရေးဟောင်းတွေ ပါဝင်ပြီး သူတို့တွေဟာ ကုလားတန် မြစ်စီ မံကိန်းကို အကြောင်းပြပြီး ရက္ခိုင့်တပ်မတော်ကို ထောက်လှမ်းဖို့ဝင်လာတဲ့သူတွေ ဖြစ်တယ်လို့ AA အဖွဲ့က ခိုင်သုကပြော ကြားထားတာဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေကို စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဘက်နဲ့ သက်ဆိုင်တယ်ဆိုရင် ဆက်ထိန်းသိမ်းထား မှာဖြစ် သလို အရပ်သားတွေဖြစ်တယ်ဆိုရင် ပြန်လွှတ်ပေးသွားမယ်လို့ AA ဘက်က ပြောပါတယ်။

AA အဖွဲ့က ဖမ်းဆီးထားသူ ၈ ဦးထဲမှာ ကုလားတန်မြစ်စီမံကိန်းကို အကြောင်းပြပြီး ရက္ခိုင့်တပ်မတော်ကို ထောက်လှမ်းဖို့ ဝင်လာတဲ့သူတွေပါဝင်တယ်လို့ AA ဘက်က ယူဆနေသလို တပ်မတော်ဘက်ကလည်း ဒီပြောဆိုချက်တွေဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးလိုက်တဲ့ ကုမ္ပဏီဝန်ထမ်းတွေမှာ စစ်ထောက်လှမ်းရေးဟောင်းတွေ ပါဝင်တာကြောင့် လုံခြုံရေးအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်တာလို့ AA အဖွဲ့က ခိုင်သုခက ပြောပါတယ်။

"အများစုကတော့ အဲဒီမှာ အရင် ဗမာစစ်ထောက်လှမ်းရေးအဟောင်းတုန်းက တာဝန်ယူခဲ့တဲ့သူတွေ တော်တော်များများပါတယ်။ ကျွန်တော်တို့ လုံခြုံရေးအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေတုန်းပဲ ရှိ သေးတယ်။ သူတို့က ကုလားတန် ပရောဂျက်ကို အရေခြုံပြီးတော့မှ ကျွန်တော်တို့ကို ထောက်လှမ်းဖို့ ဝင်လာတဲ့သူတွေဖြစ်တယ်။ အခု ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးတယ်ဆိုတာက အဲဒီကုလားတန် ပရော ဂျက်နဲ့ ဘာမှ မဆိုင်ဘူး။ အဲဒီပရောဂျက်ကို ကျွန်တော်ဆန့်ကျင်စရာအကြောင်းလည်း မရှိဘူး"

ကုမ္ပဏီဝန်ထမ်းတွေမှာ စစ်ထောက်လှမ်းရေးဟောင်းတွေ ပါကောင်းပါနိုင်ပေမယ့် ဒီအဖွဲ့တွေဟာ တပ်မတော်နဲ့ဆက် စပ်တဲ့ဲအဖွဲ့တွေ မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက တုံ့ပြန်ပြောပါတယ်။

"ကုမ္ပဏီဝန်ထမ်းတွေမှာ အခုနက ပြောတဲ့ဟာတွေရှိရင်တော့လည်း ရှိကောင်းရှိမှာပေါ့။ တပ်မတော် ထောက်လှမ်းရေးအဖွဲ့ဆိုတာက အခုချိန်မှာ တပ်မတော်နဲ့လည်း သိပ်ပြီးတော့ အဆက်အစပ်ရှိတော့ တဲ့ အဖွဲ့အစည်းလည်း မဟုတ်တော့ဘူးလေ။ သူတို့အနေနဲ့ ပါကောင်းလည်းပါနိုင်တာပေါ့။ ဒါကတော့ ကျွန် တော်မသိပါဘူး။ အမှန်တကယ်ကတော့ ဒီလုပ်ငန်းကြီးတစ်ခုလုံးကို လုံးဝရပ်ဆိုင်းသွားအောင် လုပ်နေ တဲ့ ရည်ရွယ်ချက်မျိုးရှိလိမ့်မယ်"

ဖမ်းဆီးထားသူတွေကို စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဘက်နဲ့ သက်ဆိုင်တယ်ဆိုရင် ဆက်ထိန်းသိမ်း ထား မှာဖြစ် သလို အရပ်သားတွေဖြစ်တယ်ဆိုရင် ပြန်လွှတ်ပေးသွားမယ်လို့ AA ဘက်ကပြောပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ရက္ခိုင့်တပ်မတော်ကို အိန္ဒိယတပ်မတော်က ဝင်ရောက် တိုက်ခိုက်စေလိုတဲ့ လုပ်ဆောင်မှုတွေဖြစ်နေတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ဒီအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က
"ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အတိအကျ လိုက်နာနေတဲ့ နိုင်ငံတွေပဲ ဖြစ်တယ်။ သူများပြည်တွင်းရေးကို မစွက်ဖက်ဖို့ အဲဒီမူဝါဒထဲမှာ အခိုင်အမာ ပါပြီးသားဖြစ်တယ်။ ကျွန်တော်တို့ နိုင် ငံရဲ့ အခြေခံဥပဒေအရ နိုင်ငံခြားတပ်က ဒီထဲကို ဝင်ပြီးတော့ တပ်စွဲခွင့်မရှိဘူး။ အိန္ဒိယကလည်း ဒါပါပဲ။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကတော့  ပူးပေါင်းဆောင်ရွက်မှုတော့ ရှိမှာပဲ။ ခုနပြောသလို သူများနယ်မြေထဲ ကိုယ်ဝင်တိုက် ကိုယ့်နယ်မြေထဲ သူဝင်တိုက်တော့ ရှိကိုမရှိတာ"

တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ကုမ္ပဏီတွေ အ နေနဲ့ ပစ္စည်းကိရိယာတွေများစွာ သယ်ဆောင်မယ်ဆိုရင် ရက္ခိုင့်တပ်မတော်ကို ကြိုတင်အကြောင်းကြားဖို့ AA ဘက်က လိုလားကြောင်း ခိုင်သုခ ကပြောပါတယ်။

အကြောင်းကြားဖို့ဆိုတာထက် စစ်ရေးနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကိုသာ တိုက်ခိုက်သင့်ပြီး စစ်ရေးနဲ့ မဆိုင် တဲ့ ပစ် မှတ်တွေကို ပစ်ခတ်တာဟာ စစ်ရေးဆိုင်ရာဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတုံ့ပြန်ပါတယ်။

ဝန်ထမ်း ၈ ဦး ဖမ်းဆီးခံထားရတဲ့ ဆုထူးစံကုမ္ပဏီက တာဝန်ရှိသူတွေကို RFA က အဆက်အသွယ် ရရှိဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော် AA က ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာမှာ နေထိုင်နေတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီမံကိန်း၊ ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်းဖောက်ရေး လမ်းလုပ်သား အမျိုးသား ၈ ဦးကို ပြီး ခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြား ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပလက်ဝ-မီဇိုရမ်လမ်းပေါ်မှာ ဆောင်ရွက်မယ့် ပလက်ဝတံတားစီမံကိန်းအတွက် အသုံးပြုမယ့် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တင်ဆောင်လာတဲ့ သင်္ဘောကိုလည်း မတ်လ ၁၆ ရက်နေ့ မနက်မှာ AA ဘက် က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ရဲ့ အဲဒီထုတ်ပြန်ချက်ဟာ ရက္ခိုင့်တပ်မတော်အပေါ် အိန္ဒိယနိုင်ငံက အမြင်စောင်းအောင် ရည် ရွယ်လုပ်ဆောင်တာလို့ AA ဘက်က ပြောနေပြီး ဒါဟာ ဖြစ်နိုင်ချေမရှိတဲ့ ပြောဆိုချက် တွေဖြစ်တယ်လို့ တပ် မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တုံ့ပြန်ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */