လွတ်လပ်တဲ့ အာရှအသံ
2019-06-09
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းဘေးတစ်လျှောက်က ကျေးရွာတွေအနီးမှာ မြန်မာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၄၀၀ နီးပါးဟာ ပလက်ဝမြို့ ပေါ်ကို ထွက် ပြေးတိမ်းရှောင်လာကြပါတယ်။
ပလက်ဝမြို့နယ်နဲ့ သုံးမိုင်ကျော်လောက်အကွာမှာရှိတဲ့ ပိန္နဲတပင်ရွာ၊ ကြွေသောင်ရွာ၊ သဲမချောင်းဝရွာနဲ့ သဲမချောင်း ထဲ ကျေးရွာ လေးခုက အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၂၀၂ ဦး စုစုပေါင်း လူဦးရေ ၃၈၀ ဟာ တိုက် ပွဲကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာကြောင်း ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC ညှိနှိုင်းရေးမှူး ဦးစောမြက RFA ကို ပြောပါတယ်။
အဲဒီကျေးရွာ လေးခုအပြင် တခြားကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးလာနိုင်ခြေရှိနေတာကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ထပ်တိုးလာနိုင်ခြေရှိကြောင်းလည်း ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့အတွက် ကြံ့ခိုင်ရေးရုံးနဲ့ ရိက္ခာရပ်ကွက်က အင်္ဂလန်ကန်ပိုင်ကီမိုမူကြိုတို့မှာ ယာယီနေရာထိုင်ခင်းချပေးထားတယ်လို့ သိရပါတယ်။
ဒုက္ခသည်တွေအတွက် ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေ သူ တွေက ပြောပါတယ်။
ဒီတိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့သတင်းအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိ သူတွေနဲ့ AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment