ဗွီအိုအေမြန်မာပိုင်း
မသိင်္ဂီထိုက်
19 မေ၊ 2021
ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ် ပူးပေါင်း အစီအစဉ် အတွက် ဒေါ်လာ သန်း ၁,၀၀၀ ပန်ကြားခဲ့တာမှာ ရန်ပုံငွေ ၆၀ ရာခိုင်နှုန်းပဲ ရခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် လေးနှစ်မြောက် အလှူရှင် ညီလာခံဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Shahriar Alam က ပြောပါ တယ်။
လူတွေ ပြည့်ကျပ်နေတဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ဘယ်လောက် ကြာကြာ ဒုက္ခခံရဦးမလဲ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဝန်ထုပ်ဝန်ပိုးကြီးကို နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ရေရှည် ပံ့ပိုးနိုင်ပါ့မလားဆိုတာကို စဉ်းစားမိတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ နှစ်တိုင်း အလှုရှင် ညီလာခံ လုပ်မနေ ရအောင် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို ရေရှည်ခံမယ့် ဖြေရှင်းချက်ရှာရေးက အရေးကြီးတယ်လို့ ဒုတိယ ဝန်ကြီး Alam က ပြောပါတယ်။
"ပူးပေါင်း တုံ့ပြန်ရေး အစီအစဉ် ဒါမှမဟုတ်လည်း တခြား ငွေကြေး ထောက်ပံ့တဲ့ ယန္တယားတွေဟာ ဒီရည်မှန်း ချက်ကို ပြည့်မြောက်အောင် ဆောင်ရွက်သင့်ပါတယ်။ ပူးပေါင်း တုံ့ပြန်ရေး အစီအစဉ်မှာ အထူးအလေးထား ဆောင်ရွက်မယ့် ကိစ္စတွေဟာလည်း ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ပြင်ဆင်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ကိုက် ညီ ရမှာ ဖြစ်သလို ပညာရေး၊ စွမ်းရည် မြှင့်တင်ရေးလိုမျိုး စီမံကိန်းတွေဟာဆိုရင်လည်း ရိုဟင်ဂျာတွေ မြန်မာ ပြည်က သူတို့ လူမှု အသိုင်းအဝိုင်းထဲမှာ သဟဇာတ ဖြစ်စေရေးကို အထောက်အကူပြုစေရေး ရည်မှန်း အကောင်အထည် ဖော်သင့်ပါတယ်။"
SEE ALSO:
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ဆဲ
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေက ရိုဟင်ဂျာတွေ ဌာနေ ပြန်ရေးအတွက် အချိန်ကောင်း အခါကောင်း မဟုတ်ဘူးဆိုတာကို ဘင်္ဂလားဒေ့ရှ် ဒုတိယ နိုင်ငံခြားရေး ဝန် ကြီး က လက်ခံ အသိအမှတ်ပြုပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့်လည်း ပြန်လက်ခံမယ်လို့ ပြောထားတာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခ သည် ဌာနေပြန်ရေး အဟန့်အတား ဖြစ်စေတယ်ဆိုတာကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က သဘောတူပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ UNHCR နဲ့ တခြား အဖွဲ့ အစည်းတွေဟာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်ရေး အတွက် ဖြစ်တယ်လို့ မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။
"ဒီအဖွဲ့အစည်းတွေက ဆောင်ရွက်နေပေမဲ့လည်း အခုအချိန်ထိတော့ အကောင်အထည် မပေါ်သေးပါဘူး။ လွတ် လပ်စွာ သွားလာခွင့်၊ ဝန်ဆောင်မှုတွေ ရရှိခွင့် နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို လူတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ ခွဲခြား ဆက်ဆံမှုတွေကို အဆုံးသတ်ရေး မြန်မာဘက်က ပိုပြီး အားထည့် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။"
ရိုဟင်ဂျာ ဒုက္ခသည်တွေကို မေ့ဖျောက်မထားဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ပံ့ပိုးရမယ်လို့ ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက Grandi က ပြောပါတယ်။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံတွင်း ကနေ ဆက်လက် ထွက်ပြေးနေကြကြောင်းလည်း သူက ပြောပါတယ်။ အိန္ဒိယ၊ ထိုင်း တို့လို အိမ်နီးချင်း နိုင်ငံတွေဘက်က နယ်စပ်တွေကို ဖွင့်လှစ်ပေးထားရေးနဲ့ ဌာနေရင်းမှာ အသက်အန္တရာယ် ရှိနိုင်တဲ့ ဌာနေရင်းကို ပြန်မပို့ရေးကိုလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ထပ်လောင်း ပန်ကြားခဲ့ပါတယ်။
Link :Here
No comments:
Post a Comment