" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 7, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်း ပဋိပက္ခ၌ လူရာချီ ဒါဏ် ရာရရှိ၊ အုပ်စုဖွဲ့လျှက် လူသေဆုံးသည်အထိ ရက်ရှည်တိုက် ခိုက်မှုများနောက်ကွယ်တွင် ARSA ရှိနေဟု ဆို။ စခန်းတွင်း တရားဥပဒေစိုးမိုးရေးအတွက် တပ်ဖွဲ့ဝင်များကို ဘင်္ဂလား ဒေ့ရှ်အစိုးရစေလွှတ်

H20U
Date-08/10/2020
လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်၍ ကော့ခ်ဘဇားခရိုင် အူခီယာမြို့နယ်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်အတွင်း ၌ ဒုက္ခသည်ရိုဟင်ဂျာ အုပ်စုနှစ်စုအကြားတွင် ပဋိပက္ခများဆက် တိုက်ဖြစ် ပွားခဲ့ရှိသည်။ ဗုဒ္ဓဟူးနေ့ တစ်နေ့လုံး ပြတ်တောင်းပြတ်တောင်းဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှု များ၌ အ နည်း ဆုံး လူ ၅၀ ခန့် ဒါဏ်ရာရရှိသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

အဆိုပါ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံတွင် တပ်မတော်၏ ဖြိုခွင်းခြင်းကြောင့် ထွက်ပြေးလာရသည့် ဒုက္ခ သည်ရိုဟင်ဂျာ ၁-သန်းနီးပါးတို့က ၃-နှစ်ကျော် ခိုလှုံလျှက်ရှိသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြိုင်ဖက် ဒုက္ခ သည် ဂိုဏ်းနှစ်ခုအကြား ပဋိပက္ခများဖြစ်ပွားလျှက်ရှိရာ ရက်ဆက်ကြာမြင့်သည့် တိုက်ခိုက်မှုများ၌ လူ ၇-ဦး သေ ဆုံးသည်။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုအတွင်း တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရေး ပတွက် ဘင်္ဂ လားဒေ့ရှ်အစိုးရက ( လုံခြုံရေး ) တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်ခဲ့ကြောင်း AFP သတင်းအရ သိရှိရသည် ။

 နယ်စပ်ဖြတ်ကျော်၍ မက်သာအမ်ဖီတမင်း စိတ်ကြွဆေးကုန်ကူးခြင်းမှာ အမြတ်အစွန်းများသော အလုပ် တစ် ခု ဖြစ်သည်။ မြန်မာနိုင်ငံမှ လာရောက်သည့် ဒုက္ခသည် လက်နက်ကိုင်အဖွဲ့ ၂-ဖွဲ့သည် အဆိုပါလုပ်ငန်း ကို ထိန်း ချုပ်ရန် လူအများအပြား စုပြုံပြွတ်သိပ် နေထိုင် လျှက်ရှိသည့် ဒုက္ခသည်စခန်းအတွင်း၌ လူထိခိုက် သေ ဆုံးရ သည်အထိ ဆိုးရွားလှသော စစ်ပွဲကို ဆင်နွှဲနေကြသည်။

လွန်ခဲ့သော ၆-ရက်အတွင်း သေဆုံးခဲ့သူ ၇-ဦးတွင် အမျိုးသမီး ၁-ဦး ပါဝင်ပြီး အခြားသူများလည်း ဒဏ်ရာရရှိ ခဲ့ ကြောင်း အရာရှိတစ်ဦးက ပြောဆိုသည်။
 
အင်္ဂါနေ့ညတွင် လမ်ဘာစီယာဒုက္ခသည်စခန်း၌ လူ ၄-ဦး သေဆုံးခဲ့ရာ ၃-ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ပြီး ကျန် ၁-ဦးတွင် ဒါးဖြင့် ထိုးသွင်းခံရသည့် ဒါဏ်ရာများ တွေ့ရှိရသည်ဆို၏။

လွန်ခဲ့သည့် သောကြာ ( အောက်တိုဘာ ၂ ရက်နေ့၌ ) တိုက်ခိုက်မှုများ ဖြစ်ပွားသဖြင့် ရာနှင့်ချီသော စစ်တပ် နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ကို ဖြန့်ချထားခဲ့ပြီး အင်္ဂါနေ့ပဋိပက္ခများ၌ တပ်ဖွဲ့ဝင် အင်အား ထပ်မံတိုးမြှင့်ခဲ့ရေ ကြာင်း၊ ယခုအခါ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ကော့ခ်ဘဇားရဲတပ်ဖွဲ့ အုပ်ချုပ်ရေးမှူး မိုဟာမက်ရာကွတ်အစ္စလာမ်က ရှင်းပြသည်။

ကုလသမဂ္ဂက လူမျိုးသုဉ်းပြုမှုအဖြစ် ရည်ညွှန်းပြောဆိုသည့် ဖြိုခွင်းမှုသည် မြန်မာနယ်ခြားစောင့်လုံခြုံရေး စ ခန်းများကို ( Arakan Rohingya Salvation Army ) ARSA စစ်သွေးကြွတို့က တိုက်ခိုက်မှုများအပြီး နောက် ဆက်တွဲဖြစ်သည်။

ARSA သည် ယခုအခါ ကူတူပါလောင်စခန်းအား အခြေပြု၍ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းသည်ဟု နာမည် ကြီးသည့် “ မူနာဂိုဏ်း “ နှင့် တိုက်ခိုက်မှုပဋိပက္ခတွင် ပါဝင်ပတ်သက်နေကြောင်း၊ ဒုက္ခသည် ရိုဟင်ဂျာခေါင်း ဆောင်များက ပြောဆိုသည်။ အခြားခေါင်းဆောင်တစ်ဦးကမူ တိုက်ခိုက်မှုများအတွင်း ၎င်း၏အစ်ကိုနှင့် မိ သားစုဝင် ၃-ဦး တို့ သေဆုံးခဲ့ကြောင်း ၊ လူ ၄-ဦး အသတ်ခံရမှုတွင် ARSA ၌ တာဝန်ရှိသည်ဟု ပြောဆိုသည်။

ကူတူပါလောင်အခြေစိုက် ဒုက္ခသည်ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ရှင်းပြရာ၌ ARSA သည် စခန်းအားလုံးကို အပြည့်အ၀ ထိန်းချုပ်ရန်ဆန္ဒရှိနေပြီး ရက်သတ္တပတ်ကျော် ဖြစ်ပွားသည့် လူသတ်မှုများ နောက်ကွယ်တွင် ARSA ရှိနေသည်ဟု ပြောဆိုကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
 
(( မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားဧရိယာတစ်ဝှိုက် နိုင်ငံမဲ့ဖြစ်လျှက်ရှိသူ ဒုက္ခသည်များ ရှိနေသည်မှာ ဆယ် စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ၎င်းတို့အား ရည်ညွှန်းပြောဆိုသည့် လူမျိုးတစ်မျိုးအမည်မှာ နှစ်နိုင်ငံစလုံးက တ ရားဝင် အသိအမှတ်ပြုခြင်းမရှိချေ။ နှစ်ကာလကြာရှည်သော မရေရာမှုများ၌ ၎င်းတို့လူဦးရေမှာလည်းတစ် ဖြည်း ဖြည်း တိုးမြင့်လာသည်။ စာမတတ်သူအများစုဖြစ်သော မိန်းမ-ကလေး-သက်ကြီးရွယ်တို့ ပါဝင်သည့် အဆိုပါ လူစုလူဝေးကြီးသည် ဒေသတွင်း၌ လူကုန်ကူး- လိင်အမြတ်ထုတ်- ခေတ်သစ်ကျွန်ပြူခြင်းခံနေရပြီး နှစ်နိုင်ငံစလုံးနှင့် ကမ္ဘာ့လူသားအားလုံးသာမက ၎င်းတို့အား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကုန်ကူးခြင်း တို့၌ ဝမ်းနည်းဖွယ် သားကောင်ဖြစ်လျှက်ရှိသည်။

၎င်းတို့၏ လူ့ဘဝရပ်တည်မှုမှာ ကိုယ်တိုင်နှင့် လူ့အသိုင်းအဝိုင်းအတွက် အလဟဿ ဖြစ်လျှက်ရှိပြီး ၎င်းတို့ အား ဗန်းပြ လုပ်စားနေသည့် နိုင်ငံတကာအဖွဲ့အစည်းအချို့ ကောင်းစားရေးသာဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်သတင်း စာများ ရေးသားချက်ကို ကျွန်တော်ဘာသာပြန်ဆို တင်ပြခဲ့ပြီးပါပြီ။

 ၎င်းတို့တွင် မြန်မာနိုင်ငံ ၁၉၈၂-ခုနှစ် ဥပဒေအရပင်လျှင် နိုင်ငံသားဖြစ်ခွင့်ရှိသူ သိန်းချီရှိနိုင်သည်။ ရိုဟင်ဂျာ လူ မျိုး ဆိုသည်မှာ နိမ့်ကျသည်ဟု ပြောဆိုရေးသားချက်မျိုး ကျွန်တော် တစ်ခါမျှ မဖတ်ဖူး မကြားဖူးပါ။ကျဉ်းမြောင်း သော လူမျိုးရေး ဘာသာရေးအမြင်များ မပါ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အမြတ်ထုတ်လိုခြင်းမှ မရှိပဲ ကုလသမဂ္ဂ ကြားခံထား၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောထူစာချုပ်အတိုင်း အမြန်ဆုံးအကောင်အ ထည် ဖော်သင့်ပါသည်။

ထိုသို့မဟုတ်လျှင် ကာယကံရှင်များမှာ နေရေး စားရေးအခက်အခဲကြောင့် ဒုစရိုက်နွံအတွင်း ကြာလေ တွန်းပို့ ခံရလေ ဖြစ်ဖွယ်ရှိပြီး ဆက်စပ်နှစ်နိုင်ငံလုံး၌လည်း သားစဉ်မြေးဆက် ဒုတ်ထမ်း ဒါးထမ်း ဖြေရှင်းရမည့် ကိန်း ဆိုက်ရန်သာ ရှိတော့သည်။ ။ သတင်းဘာသာပြန်သူ ))

#ဘင်္ဂလားဒ့ရှ်ဒုက္ခသည်စခန်း_တိုက်ခိုက်မှုပဋိပက္ခ

((( Dhaka Tribune., October 7th, 2020,” Hundreds injured in clashes between two factions in Rohingya camp. By: Abdul Aziz, Cox’s Bazar “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူများကို စုစည်းဖော်ပြရာတွင် အချက်အလက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))


  1. Link : Here
  2. Link : Here 
  3. Link : Here
  4. Link : Here 
  5. Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */